Monday, September 26, 2011

နိုးတစ်ဝက်အိပ်မက်


ကျွန်တော်မနေ့ညက အိပ်မပျော်ပါ။
ကြွေပြီးသား ကြယ်စင်တစ်ချို့ တောက်ပစွာ ကခုန်နေတာကို နိုးရက်နဲ့ အိပ်မက်မက်ခဲ့ပါတယ်။
ထူးဆန်းလွန်းတဲ့ ရင်ခုန်သံတစ်ချို့ကို ကျွန်တော် ဘာသာပြန်ဖို့ မကြိုးစားတော့ပါဘူး။
တစ်ခါတရံမှာ ရင်ခုန်သံဟာ သူ့ချည်းသက်သက်ကိုပဲ လှပပြီးသား ဖြစ်နေတတ်ပါတယ်။
ကျွန်တော်မနေ့ညက အိပ်မပျော်ပါ။

ကြွေကျလာတဲ့ ကြယ်စင်တစ်ပွင့်ကို ကောင်းကင်မှာ နေရာပြန်ချဖို့ မဖြစ်နိုင်ပေမယ့်
အလှပဆုံးတောက်ပခဲ့ဖူးတာကိုတော့ ကောင်းကင် မှာ ထာဝရ မှတ်တမ်းတင်ထားခဲ့ပါရဲ့။
ပျောက်ဆုံးပြီးဖြစ်တဲ့ အလင်းရောင်တစ်ချို့ကြောင့်
ဘာပဲပြောပြော
ကျွန်တော်မနေ့ညက အိပ်မပျော်ပါ။

No comments:

Post a Comment