Monday, November 21, 2011

နှလုံးသားမဲ့

ပျောက်ရှခဲ့ပြီ ချစ်သူ
လေပြေလေး တစ်ချက်အဝေ့မှာတင်
ငါ့ကြယ်စင်တွေ ပျောက်ရှခဲ့ပြီ..
ရှေ့တိုးမရ နောက်ဆုတ်မရနဲ့
ငါ့ညတွေအကုန် သန်းခေါင်ယံ မှာပဲရပ်နေကြပြီ..
ကြယ်စင်ဝေးတဲ့ ငါ့ည သန်းခေါင်ယံ
အမှောင်ဆိုတာ တောင် အမှောင်ထဲမှာ ပြန်ပျောက်နေပေါ့
မင်းကို ရှာဖွေဖို့ထွက်သွားတဲ့ ငါရဲ့ နှလုံသားကိုတောင်
ငါပြန်ရှာမတွေ့တော့ဘူးချစ်သူ
နေပါစေတော့လေ..
ငါမလိုချင်တော့ပါဘူး
သူ့ သခင်ကိုပစ်ပြီး
မင်းနောက်ကိုကောက်ကောက်ပါအောင်
လိုက်သွားတဲ့ နှလုံးသား အမိုက်
သူ့ထိုက်နဲ့ သူ့ကံ
သူကျေနပ်သလို ခံပါစေတော့လေ…။

No comments:

Post a Comment