Friday, December 16, 2011

မှောင်လွန်းတဲ့ အလင်း

နှလုံးသားတစ်ခု ရှိခဲ့ဖူးပါသည်..
နှလုံးသားတစ်ခု ပေးခဲ့ဖူးပါသည်..
နှလုံးသားတစ်ခုလည်း ရခဲ့ဖူးပါသည်..။
ငါ့ဘ၀မှာ အလင်းရောင်ရှိခဲ့တယ်ဆိုရင်..
ကြယ်စင်…
ဒါမင်းကြောင့်ပေါ့..။
ဘ၀အတွက်.. အလှအတွက်.. အို.. ခဏအတွက်တောင်..
ငါ… မင်းပြတဲ့ခရီးမှ နီးခဲ့တာပါ..။
အခုတော့.. မင်းဆီလှမ်းတဲ့ ခရီး..
မင်းပေးတဲ့ အလင်းရောင်နဲ့ တင်..
ငါလမ်းပျောက်ခဲ့ပါပြီကော.. ကြယ်စင်..။
မင်းရှိရာရယ်လို့ အားတင်းလျှောက်မိခါမှ..
မင်းနဲ့ ဝေးတဲ့အရပ် ဦးလှည့်ရရှာတဲ့..
ငါ့ ရင်ခုန်သံ.. ငါ့ကံ.. နဲ့ ငါ့ဘ၀..
ဘယ်ကြယ်စင်ခ လို့မှ မတောက်ပတော့ပါဘူး ချစ်သူရယ်..။
ကြယ်စင်လေးတစ်ပွင့် တမ်းတဖူးပါသည်..
ကြယ်စင်လေးတစ်ပွင့် ကောက်ရဖူးပါသည်..
ကြယ်စင်လေးတစ်ပွင့်လည်း ပျောက်ရှဖူးပါသည်..

No comments:

Post a Comment