Monday, December 26, 2011
အောင်သိဒ္ဓိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း သို့ ကွန်ပျူတာလှူဒါန်းခြင်း အလှူ နှိုးဆော်လွှာ ! (07-01-2011)
မင်္ဂလာပါခင်ဗျာ ...
ကျွန်တော်တို့ Mysuboo Fan Club သည် ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ (၇)ရက်နေ့ (စနေနေ့)တွင် ပဲခူးတိုင်း၊ အင်းတကော်မြို့နယ်အတွင်း၊ အလိုင်နီကျေးရွာရှိ အောင်သိဒ္ဓိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် တစ်ထပ် စာသင်ကျောင်းဆောင် အသစ် ဖွင့်ပွဲတစ်နှစ်ပြည့်အခမ်းအနား၊ ပညာရည်ထူးချွန်ဆုပေးပွဲ အခမ်းအနား၊ နှစ်ပေါင်း (၁၀၀) ကျော် ကြာပြီဖြစ်သော အောင်သိန္ဒိစေတီတော်အား ရွှေသက္ကန်း ကပ်လှူပူဇော်ခြင်း အစီအစဉ်၊ အောင်သိန္ဒိဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများ အား နွေရာသီ ကွန်ပျူတာ Traning ပေးရန်အတွက် ကွန်ပျူတာ (၃) စုံ လှူဒါန်းခြင်းအပြင်၊ လှူဒါန်းထားသော စာသင်ကျောင်းဆောင်အား ဆေးပြန်လည်သုပ်ခြင်း နှင့် Suboo Multi Social Network ၏  (၄)နှစ်ပြည့်ပွဲ အထိမ်းအမှတ်အဖြစ် ဂီတတံခါးလေးမှ ဆု၇ ကလေးများ၏ Child Music Concert, ဆေးရောင်စုံ သီးလေးသီး လက်ဆင့်ကမ်းလူငယ်အဖွဲ့ဖြစ်သည့် စုဗူးအငြိမ့် မှ ပြဇာတ်နှင့်အငြိမ့်တို့ကိုဖျော်ဖြေမည်ဖြစ်ပါသည်။
ထိုကြောင့် မိတ်ဆွေ သူငယ်ချင်းများ အနေဖြင့် မိမိတတ်အားသလောက် ထိုအလှူပွဲလေးအတွက် ပါဝင်လှူဒါန်းကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ယခုလက်ရှိတွင် အောင်သိန္ဓိ စေတီတော်အတွက် ရွှေသက္ကန်းကပ်လှူမည့် အလှူ့ရှင်များ လက်ခံရရှိပြီးဖြစ်သည့် အတွက် လှူဒါန်းရန် လျာထားသည့် လှူဒါန်းနိုင်သည့် အကြောင်းအရာများကို အောက်တွင်ဖော်ပြပေးထားပါသည်။
စဉ်
အကြောင်းအရာ
အရေအတွက်
ခန့်မှန်းတန်ဖိုး
စုစုပေါင်းတန်ဖိုး
မှတ်ချက်
ပညာသင်ထူးချွန်ဆု
၂၅
၅၀၀၀
၁၂၅,၀၀၀
မူလတန်း မှ အဌမတန်းထိ
ကွန်ပျူတာ
၂၇၀,၀၀၀
၈၁၀,၀၀၀
-
စာသင်ကျောင်းမွမ်းမံ
၁၂၀,၀၀၀
၁၂၀,၀၀၀
-
နေ့ဆွမ်း
၁၀၀,၀၀၀
၁၀၀,၀၀၀
သံယာတော် နှင့် ဧည့်သည် ၆၀ အတွက်
ဆေးဝါးများ
-
-
-
-
ငွေပဒေသာပင်
-
-
-
-
စုစုပေါင်းတန်ဖိုး
ကျပ် - ၁,၁၅၅,၀၀၀
၁) ပညာသင်ထူးချွန်ဆု
ပညာသင်ထူးချွန်ဆု အနေဖြင့် မိတ်ဆွေ သူငယ်ချင်းများအနေဖြင့် မိမိနိုင်သည့် ဆုအေ၇အတွက်အလိုက် လှူဒါန်းနိုင်ပါသည်။ ပညာသင်ထူးချွန်ဆု တွင် ပထမ၊ ဒုတိယ၊ တတိယ ဆုတံဆိပ် များနှင့် လက်ဆောင်ပစ္စည်း တစ်ခုပါဝင်ပါသည်။
၂) ကွန်ပျူတာ
ကွန်ပျူတာလှူဒါန်းခြင်းတွင်လည်း မိတ်ဆွေများ နှင့် အလှူ့ရှင်များ တတ်နိုင်သည့်ပမာဏ ထည့်သွင်းလှူဒါန်းစေချင်ပါသည်။ ဒါ့အပြင် မိတ်ဆွေ သူငယ်ချင်း၊ အလှူ့ရှင်များအနေဖြင့် မိမိတို့အိမ်တွင် မသုံးတော့သည့် ကွန်ပျူတာများ (သို့) အသုံးဝင်သေးသည့် ကွန်ပျူတာ အစိတ်အပိုင်းများအား လှူဒါန်းလိုပါက လှူဒါန်းနိုင်ပါသည်။ ကွန်ပျူတာ များလှူဒါန်း ရခြင်း၏ ရည်ရွယ်ချက်မှာ အလိုင်နီရှီ ကလေးငယ်များ နွေရာသီတွင် ယဉ်ကျေးလိမ္မာသင်တန်းအပြင်၊ နည်းပညာနှင့် ထိတွေ့မှုရှိစေရန် အမြင်ကျယ်စေ၇န် ရည်ရွယ်၍ လှူဒါန်းရခြင်းဖြစ်ပါသည်။ နောက်တစ်နှစ်အတွင်း ကွန်ပျူတာ (၈) လုံး (သို့) (၁၀) လုံးအထိ ထားရှိသင်ကြားပေးနိုင်ရန် စုဗူးအနေဖြင့် ရည်မှန်းထားရှီပါသည်။
ကျွန်ပျူတာ အခြေခံ ထရိန်နင် ပေးခြင်းကို ဇန်န၀ါရီလ (၁၄) ရက်မှ စတင်၍ တစ်ပတ်လျှင် (၂) ရက် ကျောင်း၇ှိ ဆရာ/မ များနှင့် ဘုန်းဘုန်းများ အား သင်ကြားပေးမည်ဖြစ်ပါသည်။ ကွန်ပျူတာ ထရိန်နင် Course အတွက် မန္တာလေးစုဗူး အသင်းမှ Admin တစ်ယောက်ဖြစ်သူ ကိုနေလင်း (စေတန်) မှ ပံ့ပိုးပေးထားပြီးဖြစ်ပါသည်။  
၃) စာသင်ကျောင်းပြန်လည်မွမ်းမံ
စာသင်ကျောင်းပြန်လည် မွမ်းမံခြင်းတွင် အဓိက စာသင်ကျောင်းဆောင် ဆေးပြန်လည်သုပ်ခြင်း နှင့် ပျက်စီးယိုးယွင်းနေသော ခုံများ နှင့် မှန်ကွဲနေသာ ပြတင်းပေါက်များ ရှိပါက ပြန်လည်မွမ်းမံရန်အတွက် မိတ်ဆွေ၊ သူငယ်ချင်း နှင့် အလှူ့ရှင်များ ပါဝင်လှူဒါးနိုင်ပါသည်။
၎) နေ့ဆွမ်း
ထိုနေ့တွင် ကျောင်း၇ှိ သံယာတော်များနှင့် ကိုရင်များအား နေ့ဆွမ်းကပ်လှူဒါန်း မှာဖြစ်သည့်အတွက် မိတ်ဆွေ သူငယ်ချင်းများအနေဖြင့် နေ့ဆွမ်းပါဝင် လှူဒါန်းနိုင်သလို သက္ကန်း နှင့် သံယာအသုံး အဆောင်ပစ္စည်းများပါဝင် လှူဒါန်းနိုင်ပါသည်။
၅) ဆေးဝါးများ
မိတ်ဆွေသူငယ်ချင်းများ အနေဖြင့် ဗမာဆေး ၊ အင်္ဂလိပ်ဆေး အစရှိသည့် ဆေးဝါးများကိုလည်း မိမိတတ်နိုင်သလောက် ၀ယ်ယူလာ၍ ကျောင်း၏ ဆေးပေးစင် တွင်ထည့်ဝင် လှူဒါန်းနိုင်ပါသည်။ အောင်သိန္ဓိကျောင်းရှိ ဆေးဝါးများအား စုဗူးမှ အမြဲ ထောက်ပံ့လှူဒါန်း ပေးနေသည့်မှာ တစ်နှစ်ကျော်ပြီဖြစ်သည်။ လှူဒါန်းထားသော  ဆေးဝါးများသည် ကျောင်းရှိကလေးများအတွက်ပင် မဟုတ် အလိုင်နီကျေးရွာ တစ်ခုလုံး
အားကိုးအားထားပြုနေခြင်းဖြစ်သည်ဖြင့် ဆေးဝါးများ မကြာခဏပျက်လတ်တတ်သည် အထိရှိပါသည်။
၆) ငွေပဒေသာပင်
အောင်သိန္ဓိဘုန်းတော်ကြီးသင် ပညာရေးကျောင်း ထာဝရ ငွေပဒေသာပင်အတွက်လည်း မိတ်ဆွေသူငယ်ချင်းများ အနေဖြင့် အလိုင်နီကျောင်း တွင် ပါဝင်ထည့်ဝင်နိုင်ပါသည်။ ထာဝရငွေပဒေသာပင်အတွက် စုဗူးမှ သိန်း (၃၀) နှင့် အလိုင်နီကျေးရွာ စုစုပေါင်းမှ လှူဒါန်း ထည့်ဝင်ငွေ (၁၆) သိန်း ကျော်ခန့် ရရှိနေပြီဖြစ်ပါသည်။ ထာဝရငွေပဒေသာပင်၏ ရည်ရွယ်ချက်မှာ အောင်သိန္ဓိဘုန်းတော်ကြီးသင် ပညာရေးကျောင်း ရေရှည်ရပ်တည်နိုင်ရေး နှင့် ကျောင်းစာသင်ဆောင်များ တစ်နှစ်တစ်ကြိမ် ပြန်လည်ပြုပြင် မွမ်းမံရန် နှင့် ကျောင်းရှိ ကလေးများ ပညာရေးအတွက် ရေရှည်ရည်ရွယ်၍ ထာဝရငွေပဒေသာပင် စိုက်ထူထားခြင်းဖြစ်ပါသည်။
သို့ပါ၍ အထက်ပါ လှူဒါန်းနိုင်သည့် အကြောင်းအရာ များနှင့် ပက်သက်၍ မိတ်ဆွေ၊ သူငယ်ချင်းများ နှင့် အလှူ့ရှင်များ ထည့်ဝင် လှူဒါန်း နိုင်ရန် ထပ်မံ တိုက်တွန်း နှိုးဆော်အပ်ပါသည်။
ဆက်သွယ်လှူဒါန်းရန်
၁) ကိုစိုင်းနောင် - junesai21@gmail.com – Tel : 09-73106054
၂) မစုလဲ့  - blesses.god@gmail.com – Tel : 09-73067994
၃) ကိုသားချို - ayarwadikolay@gmail.com – Tel : 09-49207066
၎) ကိုသူရဿဝါ - thurathawah.ptk@gmail.com
၅) ကိုစိုးမိုး - soedawarat@gmail.com
မိတ်ဆွေ သူငယ်ချင်းများ နှင့် အလှူ့ရှင်များ အနေဖြင့် ဇန်န၀ါရီလ (၇) ရက်နေ့ (စနေနေ့)တွင် လိုက်ပါလှူဒါန်းလိုပါက ကားစီစဉ်ရန်အတွက် လိုက်ပါမည့်သူ စာရင်းအား junesai21@gmail.com (ကိုစိုင်းနောင်) ထံ သို့ အီးမေး ပို့၍ စာရင်းပေးပို့စေချင်ပါသည်။ ထိုနောက် လိုက်ပါလှူဒါန်းလိုသူများ သတိပြုရန်မှာ စနေနေ့ မနက်တွင် သွား၍ တနင်္ဂနွေနေ့ မနက်မှသာ ရန်ကုန် သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။
အချိန် နှင့် စုရပ်
နေရာ - မြေနီကုန်း (လာရှိုးကင်း) ကဖီးဆိုင်
အချိန် - မနက် (၈:၃၀) ခွဲတွင် စတင်ထွက်ခွာမည်
နေ့စွဲ - ၇.၀၁.၂၀၁၂ (စနေနေ့)
မှတ်ချက်။  တစ်ရက်ခရီးဖြစ်သည့်အတွက်၊ ပဲခူးအလိုင်နီကျောင်းတွင် ညအိပ်မည်ဖြစ်သည်။
အနာဂတ်ကလေးများအတွက် ကျွန်တော်တို့အားလုံး ကျမ်းမာရေးစောင့်ရှောက် ထောက်ပံပေးမှု၊ ပညာရေး မြင့်တင်ပေးမှု များဖြင့် ကလေးတွေ၏ အနာဂတ်အားလှပအောင် ကူညီကြပါစို့။
--
Thanks & Best Regrads
Suboo (Multi Social Network) + M51A Group
No (159)၊ 48 St (Upper Block)၊ Botataung၊ Yangon။
Ph: 09-8640206, 09 - 73106054,09 - 73067994
Skype : mysuboofanclub
Email : junesai21@gmail.com
www.mysuboofanclub.com
www.m51a.com
www.entervillage.com
www.subootimes.com (Online TV Channel) 
Tuesday, December 20, 2011
မယ်တင်နှင့် သူ၏ အလွဲများ (၂): မုန့်ဆီကျော်
ဒီနေ့တော့ မယ်တင့်ဆီကို စောစောစီးစီးသွားမယ်လေ ဆိုပြီး စောထွက်လာပါတယ် ကားကစောင့်လိုက်ရတဲ့
အစောင့်..။ပြောကိုမပြောချင်ဘူး..။ အင်း မပြောချင်လို့လဲ မဖြစ်သေးပါဘူး..။
အခု မှ နှစ်ကြောင်းရေးရသေးတယ်..။ ဆက်ရေးဦးမှပါ..။
အဲ.. အဲ့လိုကားက စောင့်ရတဲ့အထဲကို ရတဲ့ကားကလဲ ဟိုမှတ်တိုင် အီလေးဆွဲပြီးရပ်လိုက် ဒီမှတ်တိုင်
 မသိချင်ယောင်ဆောင်ပြီး ကျောက်ချလိုက်နဲ့ မပြီးတော့ဘူး..။
အမယ် တဗြဲဗြဲနဲ့ အခုထွက်မလို တော်ကြာထွက်မလိုက လုပ်ပြသေးတာ..။
ဒီလိုနဲ့ တက္ကဆီနဲ့ သွားရင် ငါးမိနစ် ခြောက်မိနစ် မောင်းရမယ့်ခရီးကို ကပ်စေးနဲ့ပြီး လိုင်းကားစီးလိုက်တာ
 မိနစ် အစိတ် ကျော်ကျော်နာရီဝက် နီးနီးကြာမှရောက် တယ်..။
မယုံမရှိနဲ့..။ သွားပြီ..။ မယ်တင်တော့ တင်းနေလောက်ပြီ..။ တင်းနေတော့ လျှော့ပေါ့..။ အဲ.. ချော့ပေါ့..။
 ကားပေါ်ကဆင်း ပြီး သူတို့ လမ်းထိတ်က ဖုန်းဆိုင်ကနေ ဖုန်းလှမ်းဆက်လိုက်တယ်..။
တော်သေးတယ် ..။ သူကလဲ မအားသေးလို့ ထွက်မလာသေးဘူး..။
ကိုယ်ကတောင် ပြန်စောင့်လိုက်ရသေးတယ်..။ ဒါပေမယ့် တင်းနေလို့
လျှော့ရတာနဲ့စာရင်တော်ပါသေးတယ်..။ အယ်.. ချော့မယ်ပြောပါတယ်..။
ဒီလိုနဲ့ နောက်ဆုံး  ကျွန်တော်နဲ့ မယ်တင်နဲ့ တွေ့တဲ့ အခန်းကိုရောက်ပြီခင်ဗျာ..။
နှစ်ယောက် သား ကားဂိတ်ဘက်ကိုပြန်လမ်းလျှောက်ကြတယ်..။  မယ်တင်ရယ်လေ..။
စတွေ့ကတည်းက ပြောလာတဲ့ စကား က nonstop ကားဂိတ်ရောက်တော့မယ် မပြီးသေးဘူး..။
ခါတိုင်းလို ရေဘူးလေးထောင်ပြပြီး သတိပေးရအောင်ကလဲ ရေဘူးကမပါဘူး..။
မျိုးကြီးလိုသာ "နားနားပြီးပြောမောမယ်"လို့ ပလိန်းကြီး အော်ဆိုလိုက်ရရင် ကောင်းမလား..။
 မဖြစ်သေးပါဘူး..။ သူက အဲ့ဒီအချိန်ကျမှ "လက်သီးကြိုက်လား လက်ဝါးကြိုက်လား
 ကြိုက်ရာကိုရွေးစမ်းကိုယ့်လူ" ဆို ဒုက္ခပဲ..။
အဲ့လိုဖြစ်နေတုန်းမှာ ကယ်တင်ရှင်တွေ့တာပဲ..။ လမ်းဘေးမှာ ရောင်းနေတဲ့ အကြော်ဆိုင်..။
အကြော်သည် အစ်ကိုကြီးမျက်နှာကြည့်ရတာတောင် မိုးမင်းဇာတ်ထဲက သကြားမင်းကြီးနဲ့တူသလိုပဲ..။
ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာ နားဝကို တက်ဆောင့်ပုံရတယ်..။
အကြော်သည်ယောင်ဆောင်ပြီး လာကယ်တင်တာ..။
မယ်တင့်ရဲ့ နုတ်ခမ်း အစုံက တိတ်ဆိတ်သွားတယ်..။ သူ့မျက်နက်ဝန်း နှစ်စုံက မုန့်ဆီကြော် နှစ်ချပ် ဆီတွေ
 ရွဲနေသလို အရောင်တွေလက်သွားတယ်..။
ကျွန်တော်က အခွင့်အရေးကို အမိအရ ယူလိုက်တယ် "အကြော်စားမှာလား.. " ..။ သူက "အင်း"တဲ့ ..။
ကျွန်တော် အကြော်ဒယ်အိုးဘေးထိုင်နေတဲ့ သကြားမင်းကြီးကို လှမ်းမေးလိုက်တယ်.. အစ်ကို
မုန့်ဆီကျော်တစ်ခုဘယ်လောက်လဲ လို့ ..။ သကြားမင်းကြီးက ဒယ်အိုးထဲကို မုန့်နှစ်တွေ တရှဲရှဲ
ပစ်ထည့်ရင် ပြန်ပြောတယ်..။ "တစ်ရာညီလေး"..။ မယ်တင့်ကို လှည့်ကြည့်တော့
အကြွေတွေနှိုက်ပြီးရှာနေသည်..။ တွေ့ ပုံမရ ..။ သကြားမင်းကြီးဘေးက အကြော်ထည့်ပေးတဲ့
သုဇာတာလား သုဇိတာ လားမသိတဲ့ အစ်မကြီးက..။
 "ဘယ်နှစ်ခုယူမှာလဲ ညီမလေး"တဲ့..။ သူက ငါးရာတန်လေးတစ်ရွက် ထုတ်လိုက်ပြီး..။
"သုံးခု .. သုံးခုကို ငါးရာ ထားလိုက်"
ကျွန်တော် ရယ် ဦးမာဃရယ် သုဇာတာ ရယ် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး
ဘာပြောရမယ်မှန်းကို မသိတော့ဘူး..။ မသုဇာတာ ကတော့ "မဟုတ်ဘူးလေ ညီမလေးရဲ့"..။ကျွန်တော်
 တော်တော်လေးထိန်းပါသေးတယ်..။ ကျွန်တော်ကရယ်ရင် အသံဗြဲကြီးနဲ့ ခုနှစ်မြို့ကြား
 ရှစ်မြို့ကြားရယ်တာ..။ မရယ်ပဲနေပြီ ငါးရာဖိုးသုံးခုပဲ ထားလိုက်ပါ မသုဇာတာ ရယ်လို့ပဲ
သူကစပြီး ဗြဲကနဲ ရယ်တော့ ကျွန်တော်လဲ အောင့်ထားတာတွေ လွတ်ချလိုက်တယ်..။
"ဟားဟားဟား ..ဗြဲ"
တစ်ခုတစ်ရာတန် မုန့်ဆီကျော်ကို ငါးရာဖိုးသုံးခု လေသံမာမာ နဲ့ ဆစ်ပစ်လိုက်တာနော်..။
သူက လှည့်ပြီးမေးသေးတယ်..။
"ဘာရယ်တာလဲ.." တဲ့..။
"ဟားဟား ဗြဲ"..
"ဘာရယ်တာလဲ လို့ဆို"
"ဟားဟား ဗြဲ.."
အဲ့ဒီနေ့က မယ်တင်တစ်ယောက် ရှက်ရမ်းရမ်းပြီး မုန့်ဆီကျော်ငါးရာဖိုးလုံး ယူလိုက်ပါတယ်..။
ကံဆိုးတာက ကျွန်တော်ပါ..။ ငါးရာဖိုး  မုန့်ဆီကျော်ငါးခုကို အကုန်ကျွန်တော့်တစ်ယောက်ထဲ
 စားခိုင်းပါတယ်..။ "မကုန်ရင် မခေါ်ဘူး"တဲ့..။ "နောက်ကိုရယ်ချင်ဦး" တဲ့..။
"ဟားဟားဟား ဗြဲ" ပြောရင်းနဲ့ ရယ်ချင်လာလို့ပါ..။ မယ်တင့်ကို ပြန်မပြောကြနဲ့နော်..။
မုန့်ဆီကျော်က အီတယ်ဗျ..။
Sunday, December 18, 2011
ဒီနားနဲ့တော့…
“အမေ ကျွန်တော့် နားက ကောင်းကောင်းမကြားရတော့ဘူး အမေ”
ကျွန်တော် အမေ့ကို အလန့်တကြား ပြောပြလိုက်သည်။ အမေက ထုံးစံအတိုင်း စိတ်ပူပေမယ့် ဆူလိုက်သေးသည်..။
“အေး နင့်ကို ငါပြောတယ်လေ ဆင်ခြင်နေပါလို့ မနက်ဖြန် မကွေးကိုသွားပြီး နားဆရာဝန်နဲ့ပြမယ်”
အင်း .. မျက်စိနားနာခေါင်း ဆရာဝန်နဲ့ဆိုရင်တော့ ပြန်ကြားရလောက်ပါရဲ့..
ဒီလိုနဲ့ ကျွန်တော် နဲ့ အမေ ဆေးခန်းသွားပြကြတယ်ပေါ့.. ဆရာဝန်က သူ့ရဲ့ပစ္စည်းကိရိယာလေးတွေနဲ့ စမ်းသပ်ကြည့်ပြီ
“မင်းရဲ့ညာဖက်နားစည်က လုံးဝနည်းပါးကို မရှိတော့ဘူး… နည်းနည်းလေးပဲ ကျန်တော့်တယ်”
“ဘယ်လောက်နည်းနည်းလဲဆရာ”
“အင်း နာရီလက်တံနဲ့ပြောရရင် ၁၅ မိနစ် စာလောက်ပဲ ကျန်တော့တယ် ၄၅ မိနစ်လောက်က မရှိတော့ဘူး”
“ဗျာ…။”
 -*-*--*-*-*-*-*-*- 
အဲ့ဒီတုန်းက ဆယ်တန်းဖြေအပြီး သင်္ကြန်ဗျ..။ ဆယ်တန်းအပြီးဆိုတော့ ကဲလို့ကလဲကောင်း မန္တလေးတစ်ခွင် ပြဲပြဲစင်ဆိုပါတော့..။ မနက်ကို ဆိုင်ကယ် နဲ့ လည်လိုက် ညနေပိုင်းကျ ကားနဲ့လည်လိုက်နဲ့..။ ဒီလိုနဲ့ အကြတ်နေ့ ကိုရောက်ရော..။ ရှေ့ရက်တွေ တုန်းက အတိုင်းဆို မနက်ကို သူငယ်ချင်းတွေ စုပြီး ဆိုင်ကယ် တစ်စီးစီနဲ့ ကဲကြမှာ..။ ဒါပေမယ့် ဖြစ်ချင်တော့ တစ်ကောင်မှ မအားကြတော့ဘူး..။ (ဘော်ဒါ အကန့် ကနေ ဆော်အထာ အကန့် ကို ခပ်ပါးပါးလေး ပြောင်းသွားကြပြီ.. တိုက်ဆိုင်မှုရှိရင် ခွင့်လွှတ်) အားတဲ့ကောင်တွေကလည်း အကျနေ့မှာ ရှေ့မကြည့်နောက်မကြည့် ကဲထားလို့ ဆိုင်ကယ်နဲ့ မလည်နိုင်တော့ဘုး..။ ကားနဲ့ မနက်ထဲကလိုက်မယ်တဲ့..။ ကဲ ဒီလိုဆိုတော့ လည်း ကားနဲ့ပေါ့..။ မနက်ပိုင်းကျွန်တော်တို့ လိုက်နေကျမဟုတ်တော့ ကားပေါ်မှာက လူအပြည့်..။
ကိစ္စတော့မရှိပါဘူး..။ ယောင်္ကျားလေးတွေပဲ ဘေးကတွယ်လိုက် နောက်မှီးမှာထိုင်လိုက် ရှေ့ စက်ဖုံးပေါ်ရောက်လိုက်နဲ့ လိုက်သွားကြတယ်..။
မဏ္ဍပ်ရှေ့ရောက်ရင် ဆင်းကလိုက် .. ကားထွက်ရင်ပြန်ပြေးတက်လိုက်ပေါ့..။
မဏ္ဍပ်တွေကလည်း မီးသတ်ပိုက်တွေ အပြုံလိုက်နဲ့ ဆိုးလိုက်တာ..။
အမယ် ဖော်မြူလာရှိတယ်ဗျ..။ မီးသတ်ပိုက်ကိုကောင်မလေးတွေကိုင်ရင် ကောင်မလေးအချင်းချင်း မျက်နှာကို ထိုးတယ်..။ ယောင်္ကျားလေးတွေကိုင်ရင် ယောင်္ကျားလေးချင်း မျက်ခွက်ကိုထိုးတယ်..။ မီးသတ်ပိုက်နဲ့..။
မဏ္ဍပ်တစ်ခုရောက်တော့ အဲ့ဒီမျက်ခွက်ထိုးတဲ့ ကောင်တွေနဲ့တွေ့တာပဲ.. ။ ဒင်းတို့က မိန်းကလေးတွေကျတော့ မျက်နှာမပက်ဘူး..။ တစ်ခြားပက်ချင်တဲ့ဟာ ပက်တာ..။ ကျွန်တော်တို့ကျတော့ မျက်နှာပြီးရင်မျက်ခွက်.. မျက်ခွက်ပြီးပြီရင် ခေါင်းပဲ..။ ဒါကြောင့် ကျွန်တော်တို့ ကားဆရာလဲ မြန်မြန်မောင်းပြေးတယ်..။ အောက်မှာ ဆင်းကနေတဲ့ ကျွန်တော်တို့လဲ ကားနောက်ကိုပြေးတွယ်တဲ့လူကတွယ် ကားဘေးကို ကုတ်တက်တဲ့သူကတက်နဲ့..။ ကျွန်တော်လဲ ကားဘေးကို အတက် မဏ္ဍပ်ဘက်ကနေ တက်မိရက်သားဖြစ်သွားတယ်..။ မဏ္ဍပ်ပေါ်က နွားများကလဲ (ဆောရီးဗျာ.. စိတ်တိုလို့) မျက်ခွက်ချည်းပဲထိုးတာ..။ အဲ့ဒါ ရေမွန်းတာနဲ့ ခေါင်းကို အလှည့်.. နားထဲ ကို ဗြန်းကနဲ ပြေးဝင်တာပဲ …။ နားထဲ သံရိုက်ထည့်လိုက်သလိုခံစားလိုက်ရတယ် .. ။ နားထဲက နေ အရည်အပူတွေ ထွက်ကျလာတာခံစားလိုက်ရတယ်..။ သွေးတွေလားမသိဘူး..။ ကျွန်တော် အလန့်တကြားလက်နဲ့ သုတ်ပြီးကြည့်လိုက် တော့ တော်သေးတာပေါ့.. ရေတွေ.. ။ ခဏပါပဲ နာတာ ပြီးတော့ ဆက်ကဲတာပဲ..။ အဲ ညမှ သေတော့တာပဲ..။ မျက်နှာ ညာဘက်တစ်ခြမ်းလုံးရောက်ကိုင်းပြီး ပါးစပ်တောင်မဟနိုင်ဘူး..။ ထမင်းစားဖို့တော့ ဝေးရော.. ။ ငတ်လေ မဏ္ဍပ်ပေါ်က ငနာတွေကို စိတ်တိုလေပဲ..။ နောက်ဆုံးမနေနိုင်တော့ ၈၁ လမ်းက နားဆေးခန်းကိုပြေးရတယ်.. ။ ဆရာဝန်က သေခြာစစ်ဆေးကြည့်ပြီး ပြောပြတယ်
“နည်းနည်းလေး ပေါက်သွားတာပါ..။ လေးပုံပုံရင် တစ်ပုံလောက်ပြဲသွားတယ်.. ။ ဒါပေမယ့်စိတ်မပူပါနဲ့ ဆရာပြောတဲ့အတိုင်း နေရင် အဲ့ဒီဒဏ်ရာလောက်က သူ့ ဟာသူ ပြန်ပြည့်သွားမှာပါ..”
“ဟုတ်ကဲ့ဆရာ.. ဘာတွေဆောင်ရရှောင်ရမလဲ ဆရာ”
“အခုနာနေတာအတွက်တော့ ဆေးထိုးပေးလိုက်မယ်. ပြီးတော့ ဒီဆေးတွေကို ကုန်အောင်သောက်ပြီးရင် သက်သာသွားလိမ့်မယ်..
နားစည်ပြန်ဖြစ်ဖို့ကတော့ ၆ လ အတွင်း ဆိုင်ကယ် မစီးရဘူး.. ရေမကူးရဘူး နှစ်ခုပဲနော်.. မှတ်မိလား..”
“ဟုတ်ကဲ့ဆရာ..”
ဟဲဟဲ.. မြန်မာပီပီ အနာလဲ သက်သာရော ဆရာဝန်ပြောတာ မေ့ရော..။ ဆိုင်ကယ်မစီးရဘူးဟုတ်လား..။ ဆယ်တန်းပြီးပြီဆိုတော့ အိမ်ကို ဆိုင်ကယ်ပူဆာတယ်..။ အဲ့ဒီတုန်းက အဖေ က ညောင်ရွှေမှာ တာဝန်ကျတာပေါ့.. ညောင်ရွှေကလား ရှမ်းပြည်တောင်ပိုင်းက အင်းလေးအိုင် ရှိတဲ့မြို့ပေါ့..။ အိမ်ကလဲ ဆရာဝန်ပြခဲ့တာမှ မသိတာ ၀ယ်ပေးတာပေါ့.. ။ ကျွန်တော်ကလဲ အကြိုက်ပဲ အိမ်ကို မပြန်တော့ဘူး..။ မြို့ထဲတင်သွားတာ မဟုတ်ဘူးနော်..။ မြို့ခြားနယ်ခြားသွား လက်ဖက်ရည်သောက်တာမျိုး.. အသိတွေဆီ တစ်အိမ်ပြီးတစ်အိမ်သွားလည်တာမျိုး.. နောက်ဆုံးဆိုယ်ကယ်ကို တိုက်စရာ ဆီဖိုးမရှိတော့မှ အိမ်ပြန်တာမျိုးလေးတွေပဲလုပ်တာ ..။ ၁လခွဲ ၂လလောက်ကြာတယ်.. ။ ဆိုင်ကယ်လေးကလဲ လေမတိုးမှာ မပူရဘူး..။ YAMAHA လေး.. ။  မှုန်နေအောင်ပြေးတာ..။ သတိတောင်ရသေးတော့…။ ဆရာဝန်စကားကို အဲ့လိုနားထောင်ပစ်တာ.. ။ ဒါပေမယ့် ရေကူးတယ်ဆိုတာတစ်ခုတော့ ကျန်ပါသေးတယ်..။
ဘုရားပေးပေး ကျမ်းပေးပေးပါ ..။ ကျွန်တော် အင်းလေးမှာ ရေဆင်းမကူးခဲ့ပါဘူး..။ တကယ်ပါ..။ ညောင်ရွှေကနေ အဖေ ဘယ်ကို တာဝန်ပြောင်းရသလဲဆိုတော့ မကွေးတိုင်း ဟိုးအနောက်ဖက် ချင်းတောင်ဘက်ကပ်သွားပြီ..။ စေတုတ္တရာ တဲ့ ဘုရားစူးမြို့..။ မြို့ ဒီဘက်ထိပ်က နေ ဆေးလိပ်သောက်ပြီး အလျားလိုက်ဖြတ်လျှောက်.. ဟိုဘက်ထိပ်ရောက်တာတောင် ဆေးလိပ်မကုန်သေးဘူး..။ ကဲ..။ တစ်ခုတော့ ရှိတယ် အဲ့ဒီမှာ အဲ့ဒီအချိန်က အကြီးဆုံးပေါ့ ရေအားလျှပ်စစ်စီမံကိန်း မုန်းချောင်းရေလှောင်တမံ စီမံကိန်းရှိတယ်..။ အဲ့ဒီအချိန်ကျမှ နာမည်ကြီးမုန်းချောင်းနဲ့ ကျွန်တော်နဲ့ တွေ့တာပဲ..။ မုန်းချောင်းများရေစီးသန်ချက် က.. ကျွန်တော်တို့ စီးလာတဲ့ကားကို တင်ပြီး မုန်းချောင်းတစ်ဖက်က စေတုတ္တရာ ကို ပို့ပေးတဲ့ အင်ဂျင်၂လုံးတပ်တဲ့ လှေ(ဇက်ခေါ်မှာပေါ့..) အဲ့ဒါကြီးက ဒီဘက်က နေ ကန့်လန့်ဖြတ်ကူးရင် ဟိုဘက်ကို အောက်ဖက် ၂ဖာလုံ လောက်မှာ သွားကပ်တယ်.. ဒါတောင်စက်အားနဲ့ ရေဆန်ကို ကန်ပြီးကူးတာနော်.. ။ အဲ့လောက်ရေစီးသန်တာ..။ အဲ့ဒီမုန်းချောင်းကျမှ ရေထဲကို သစ်ငုတ်တွေရိုက်ပြီး ဆင်းကူးတာ..။ အင်းလေးက ရေငြိမ်လို့..။ မုန်းချောင်းထဲကို သစ်ငုတ်တွေကိုင် ပြီး ဆင်းတာတောင် ခြေတစ်ဖက်ကြွလိုက်ရင် အဲ့ဒီခြေထောက်က ရေစီးနဲ့ လည်ပြီးပါသွားတာ..။ သူတို့ ပြောကြတာကတော့ ရေစီးနဲ့ပါသွားရင် အောက်ဖက် ၅မိုင် ၆ မိုင်လောက်မှ ပေါလောလေး ပုတ်ပွပြီး ပြန်ပေါ်တယ်တဲ့..။ အဲလို လိမ္မာတော့ ဒီနားစည်က ဘယ်လိုကောင်းတော့မလဲ..။ ဒီလိုနဲ့ပဲ အပေါ်ဆုံးမှာ တုန်းကပြောခဲ့သလို.. မကြားသလို ကြားသလို ဖြစ်တော့တာပဲ…။ မကွေးက ဆရာကြီးက တော်တော်ကို ကျွမ်းကျင်တယ်ဗျ..။ ကျွန်တော့်ကို မကွေးဆေးရုံမှာတင် နားစည် အစားထိုးပေးတယ်..။ နားထင်က အရေပြားအောက်ကနေ အမှေးပါးယူပြီး.. နားစည် နေရာကို အစားထိုးတာတဲ့..။ ကျွန်တော် မေ့ဆေးပြယ်ပြီး ပြန်နိုးလာတော့ ဆရာဝန်ကြီးက ဘေးမှာလာအားပေးရင်း သူ့လက်ရာကို လာကြွားတယ်ဗျ..။
“မင်းနားစည်ကို အစားထိုးတဲ့နေရာမှာ ဘာချုပ်ရိုးမှ သုံးမထားဘုး..နည်းပညာ အသစ်ပေါ့.. အရင် နားစည်ကို ဖယ်ထုတ်လိုက်တယ်.. ပြီးတော့ အဲ့ဒီနေရာ မှာ အသားကို ဟသွားအောင် ပတ်ပြီးလှီးလိုက်တယ်  ပြီးတော့ အဲ့ဒီ အဟကြားထဲ ကို နားစည်အသစ် ညှပ်ထည့်ပေးလိုက်တာ.. အနာကျက်တာနဲ့ နားစည်ကို အလိုအလျှောက်ဆွဲတင်းပြီးသားပဲ”
အမယ် မိုက်တယ်ဗျ ကိုယ့်ဘာသာကိုယ်တောင် ဂုဏ်ယူသွားတယ်..။ ဆရာကဆက်ပြောတယ်
“အဲ့ဒီနည်းက ငါကိုယ်တိုင်ထွင်ထားတဲ့နည်းပဲ..။ မင်းကို ပထမဆုံးစမ်းသုံးတာပဲ..”
“ဗျာ…”
ဟုတ်ကဲ့ အဲ့ဒီအချိန်ကစလို့ ကျွန်တော် အရင်ကလို ရေလဲမကူရဲတော့ပါဘူး .. အသံကျယ်ကျယ်တောင်နားမထောင် ရဲတော့ဘူး..။ အဲ့လိုတွေလုပ်နေလို့ ကျွန်တော့်နားအခြေအနေ ဆိုးသွားတယ်မထင်ပါနဲ့ ..။ အခုဆို ကျွန်တော် ကြားချင်တာတွေ ကြားရတဲ့အပြင် မကြားချင်တာတွေလဲ ကြားနေရတယ်..။ အသံတစ်အားတိုးရင်ကို ကျွန်တော်ကြားနေရတယ်..။ အသံနဲနဲကျယ်ရင်တောင် ကျွန်တော့အတွက် အူထွက်နေတယ်..။
ဟိုနေ့ကတော့ မကွေးကဆရာဝန်ကြီးရဲ့ (နာမည်မေ့သွားတာတောင်းပန်ပါတယ် ဆရာရယ်) ကျေးဇူးကို ထင်ထင်ရှားရှား ခံစားလိုက်ရတယ်..။ ဆံပင်ညှပ်ဆိုင်တစ်ဆိုင် ရှေ့ကအဖြတ် ဆိုင်ထဲက အလှဖန်တီးရှင် ကိုကိုတွေခေါ်ရမလား မမတွေခေါ်ရမလားပဲ.. အစုလိုက်အပြုံလိုက် ထိုင်ရင် လမ်းဘက်ကိုကြည့်နေကြတယ်..။ သူတို့ကလဲ သူတို့ဘာသာသူတို့ပြောတာပါ..။ ကျွန်တော့်နားက လဲ ကြားတာပဲ..။
“ဟယ် .. ဟိုမှာ အလန်းလေးတော့.. လိုက်ပြောရအောင်”
“အယ် နင်လိုက်ပြောတော့ ရနေဦးမယ် ကောင်လေးက အသန့်လေးပါ”
“အမယ် အသန့်လေးလဲ ၂၅၀၀၀ ပဲ ငါလိုက်ပြောလို့ရရင် နင်ပိုက်ဆံပေးမလား တဲ့”
နောက်ဘာဆက်ပြောနေကြလဲတော့ ကျွန်တော် မကြားတော့ပါဘူး..။ ဖနောင့်နဲ့ တင်ပါး တစ်သားတည်းကျတယ်ဆိုတာ ဒါမျိုးထင်တယ်..။
အဲ့ဒီနေ့ကစပြီး ကျွန်တော်နောက်ကို အဲ့ဒီလမ်းထဲက ဘယ်တော့ မှ မဖြတ်တော့ပါဘူး..။ အခုအထိပါပဲ
ကိုယ့်နားကိုယ် လည်း စိတ်နာတယ်..။ ဆရာဝန်ကြီးလဲ စိတ်နာတယ်..။
Friday, December 16, 2011
မှောင်လွန်းတဲ့ အလင်း
နှလုံးသားတစ်ခု ရှိခဲ့ဖူးပါသည်..
နှလုံးသားတစ်ခု ပေးခဲ့ဖူးပါသည်..
နှလုံးသားတစ်ခုလည်း ရခဲ့ဖူးပါသည်..။
ငါ့ဘ၀မှာ အလင်းရောင်ရှိခဲ့တယ်ဆိုရင်..
ကြယ်စင်…
ဒါမင်းကြောင့်ပေါ့..။
ဘ၀အတွက်.. အလှအတွက်.. အို.. ခဏအတွက်တောင်..
ငါ… မင်းပြတဲ့ခရီးမှ နီးခဲ့တာပါ..။
အခုတော့.. မင်းဆီလှမ်းတဲ့ ခရီး..
မင်းပေးတဲ့ အလင်းရောင်နဲ့ တင်..
ငါလမ်းပျောက်ခဲ့ပါပြီကော.. ကြယ်စင်..။
မင်းရှိရာရယ်လို့ အားတင်းလျှောက်မိခါမှ..
မင်းနဲ့ ဝေးတဲ့အရပ် ဦးလှည့်ရရှာတဲ့..
ငါ့ ရင်ခုန်သံ.. ငါ့ကံ.. နဲ့ ငါ့ဘ၀..
ဘယ်ကြယ်စင်ခ လို့မှ မတောက်ပတော့ပါဘူး ချစ်သူရယ်..။
ကြယ်စင်လေးတစ်ပွင့် တမ်းတဖူးပါသည်..
ကြယ်စင်လေးတစ်ပွင့် ကောက်ရဖူးပါသည်..
ကြယ်စင်လေးတစ်ပွင့်လည်း ပျောက်ရှဖူးပါသည်..
Monday, November 21, 2011
နှလုံးသားမဲ့
ပျောက်ရှခဲ့ပြီ ချစ်သူ
လေပြေလေး တစ်ချက်အဝေ့မှာတင်
ငါ့ကြယ်စင်တွေ ပျောက်ရှခဲ့ပြီ..
ရှေ့တိုးမရ နောက်ဆုတ်မရနဲ့
ငါ့ညတွေအကုန် သန်းခေါင်ယံ မှာပဲရပ်နေကြပြီ..
ကြယ်စင်ဝေးတဲ့ ငါ့ည သန်းခေါင်ယံ
အမှောင်ဆိုတာ တောင် အမှောင်ထဲမှာ ပြန်ပျောက်နေပေါ့
မင်းကို ရှာဖွေဖို့ထွက်သွားတဲ့ ငါရဲ့ နှလုံသားကိုတောင်
ငါပြန်ရှာမတွေ့တော့ဘူးချစ်သူ
နေပါစေတော့လေ..
ငါမလိုချင်တော့ပါဘူး
သူ့ သခင်ကိုပစ်ပြီး
မင်းနောက်ကိုကောက်ကောက်ပါအောင်
လိုက်သွားတဲ့ နှလုံးသား အမိုက်
သူ့ထိုက်နဲ့ သူ့ကံ
သူကျေနပ်သလို ခံပါစေတော့လေ…။
ကျွန်တော် တစ်ယောက်ထဲ အမေရယ်..
အမေ..
ကျွန်တော် တစ်ယောက်ထဲ အမေရယ်..
သူများတွေ အခက်တွေ့နေတဲ့ ဒီလောကဓံ ပျော်ပျော်ကြီးကျော်ဖြတ်ပြမယ်ဆိုတဲ့ ကျွန်တော်..
စိတ်ညစ်လွန်းမက ညစ်နေရင်တောင် သီချင်းတစ်ပုဒ်လောက်ဟစ်လိုက်တာနဲ့ အားအင်အပြည့်ပြန်ဖြစ်ခဲ့တဲ့.. ကျွန်တော်..
ဒီနေ့ စိတ်ညစ်တာကို နောက်နေ့ အကူးမခံခဲ့တဲ့ ကျွန်တော်..
ကလေး ဘ၀က ငိုနေရင်းတောင် ဖြတ်ပြီးရယ်ပြတတ်တဲ့ကျွန်တော်..
ရင်ဘတ်ထဲက နာတဲ့ဒဏ်ကိုတော့ မခံနိုင်ဘူး.. အမေ..
ကျွန်တော်ခံစား ရတာတွေ ပြောပြဖို့ ကျွန်တော်တစ်ယောက်ထဲ ပဲရှိတယ်အမေရယ်..
အခုကျွန်တော် ရေးနေတဲ့စာ ကျွန်တော် ပြောချင်နေတဲ့ အရာတွေကို အမေတို့ ဖတ်ရမှာမဟုတ်ပါဘူး..
ဒါပေမယ့် ကျွန်တော့ရင်ထဲက ပြောတဲ့စကား..
ရင်ထဲကနားနဲ့ပဲ နားထောင်ပေးပါအမေရယ်..
တစ်စုံတစ်ရာ ကို မြတ်နိုးမိတဲ့ နေရာမှာ အပြစ်ရှိတယ်လို့ ကျွန်တော် တစ်ခါမှ မယူဆဖူးပါဘူး
ကျွန်တော်အဲ့ဒီအပြစ်တွေခံနေရတယ် အမေ..
နာကျင်မှုတွေ ဒဏ်ရာတွေ ကို မမြင်ယောင်ပြုရင်း
နောက်ကွယ်က အရာတစ်ခုကို တမေ့တမော ငေးမိတာဟာလည်း မြတ်နိုးမှုပေါ့ အမေရယ်..
သူရာအားကိုးနဲ့ ဒဏ်ရာကို ဖြေဖျောက်ဖို့..
"ငါဟာ ဒီလိုမျိုးလုပ်မဲ့ ယောင်္ကျားမျိုးမဟုတ်ဘူးကွ.." လို့ ကျွန်တော် မာနကြီးကြီး မဟစ်ကြွေးဝံ့ပါဘူး အမေ..
ဒါမေပယ့် ကျွန်တော့် အတွက် ဒီသူရာဆိုတဲ့ဆေးဟာလဲ အသုံးမ၀င်ပါဘူး..
နာကျင်စရာတွေရဲ့ အဝေးဆုံးကို သတ္တိကြောင်တဲ့ ယောင်္ကျားတစ်ယောက် အနေနဲ့ပဲဖြစ်ဖြစ် ထွက်ပြေးပုန်းရှောင်ဖို့..
ဟူး… မြတ်နိုးမှုနဲ့ဝေးရာကို ဦးတည်တဲ့ ခြေလှမ်းအတွက် ကျွန်တော့်မှာ အားမရှိဘူးအမေရယ်..
နောက်ဆုံးတော့…
ရင်ထဲက အရှိုးရာ အစင်းရာ ဗရပွနဲ့ နှလုံးသား၊
ဖမ်းဆုပ်မရတဲ့ မြတ်နိုးမှုနဲ့
ဖွင့်မရနိုင်တော့တဲ့ သံချေးတက်တံခါးတစ်ခုကလွဲရင်..
ကျွန်တော့်မှာရှိတာ ကျွန်တော်တစ်ယောက်ထဲရယ်…
Friday, October 21, 2011
မယ်တင် နှင့် သူ၏ အလွဲများ (၁) : ကော်ဖီခွက်ထဲကဇွန်း
အဲ့ဒီနေ့က ကျွန်တော်နဲ့ မယ်တင် မယ်တင့် စားပွဲမှာ အခွေကြည့်နေကြတာဗျ..။
သြ မယ်တင့်စားပွဲဆိုတာ မယ်တင်တို့ ရုံးခန်းထဲက စားပွဲကိုပြောတာ..။
 မယ်တင်ကလား ကွန်ပျူတာပရိုဂရမ်မာပေါ့ ကျွန်တော်ကတော့ ဌာနနီးနားချင်းပေါ့..။
အခွေကြည့်ရင်းနဲ့  ကော်ဖီသောက်ချင်လာလို့ ဆိုပြီးသူက ကော်ဖီနှစ်ခွက် ထဖျော်ပေးတယ်..။
ခုလေးပဲထမင်းစားပြီတာ ပန်းကန်တွေတောင် ပြန်မသိမ်းရ သေးဘူး နောက်တစ်မျိုးထလုပ်တာ..။
ကျွန်တော်ကတော့ ထုံးစံအတိုင်း စားနောက်ကျ သွားနောက်ကျ နတ်ပြည် ရောက်တော့ သူများအရင် ဆိုတော့
ထမင်းကိုစားလို့ မပြီးသေးဘူး..။ ကော်ဖီထဲရေနွေးထည့်ပြီမှ မွှေစရာ ဇွန်းကမရှိဘူး..။
ကျနော် ကတော့ကော်ဖီမစ် အထုတ်အခွံ နဲ့ပဲမွှေလိုက်တယ်..။ သောက်လို့ ကောင်းတာ မကောင်းတာ ကော်ဖီ့ အပိုင်းလေ..။
 ကျွန်တော့ တာဝန်က သောက်ဖို့..။ မယ်တင်ကို လှည့်ကြည့်တော့ သူကလဲ ထမင်းစားထားတဲ့ ဇွန်းကြီးနဲ့
ပယ်ပယ်နယ်နယ်မွှေနေတယ်..။ ကျွန်တော်က အံ့သြသလို ကြည့်တော့
 “နင်တောင် အခွံနဲ့ မွှေသေးတာ ငါကဇွန်းနဲ့” တဲ့ ..။ သူကော်ဖီကြည့်တော့ ဆီတွေတောင်ဝေ့ လို့..။
ပြောပြီတော့ သူ့ကော်ဖီသူ မိန့်မိန့်ကြီး သောက်ချလိုက်တယ်..။
“ဟင် ကြက်ဥနံ့ကြီး” မယ်တင့် ပါးစပ်က မကျေမနပ်ထွက်လာသည်..။
မဆီမဆိုင် စားဖိုဆောင်က ပန်းကန်တွေလာသိမ်းတဲ့ အန်တီကြီးကို သွားမေးသေးသည်..။
ကော်ဖီကြက်ဥနံ့ ထွက်သွားတာ ဘယ်လို လုပ်ရမလဲတဲ့..။
အတော်ဆုံး စားဖိုမှူးတွေတောင် သူ့ အမေးကို ဖြေနိုင် မည်မထင်..။
 ဒါတောင် အန်တီကြီးက စိတ်ကျေနပ်အောင် ဖြေပေးသွားသည်..။
“ဇွန်းကိုပြောင်းပြန်မွှေလိုက်ရောပေါ့ဆရာမရယ်” တဲ့..။ ဟုတ်သားပဲ..။
 ကြက်ဥကျော်ဆီတွေမပေတဲ့ ဘက်ကနေမွှေပါ့လား..။ ကျွန်တော် ဘာမှပြောမနေတော့..။
ကျွန်တော့်ကိုလာမေးရင်တော့ “သွန်ပလိုက်” လို့ပြောလိုက်မည်..။
စဉ်းစားရင်းသူကိုလှည့်ကြည့်မိတော့ လားလား ပြောရင်ယုံမယ်တောင်မထင်ဘူး..။
စားဖိုဆောင်က အန်တီကြီးပြောသွားတာကို စဉ်းစားနေပုံရသည်..။
သူကော်ဖီမွှေတဲ့ လက်က တဖြည်းဖြည်း နှေးနှေးသွား ပြီး နောက်ဆုံးရပ်သွားသည်..။
အဲ့ဒီနောက် လက်ယာရစ်မွှေနေရာကနေ လက်ဝဲရစ် ဖြည်းဖြည်းချင်း ပြောင်းမွှေရင်း ကျွန်တော့်ကိုလှည့်မေးလိုက်သေးသည်..။
“ဒီလိုပြောင်းပြန်မွေလိုက်တာနဲ့ ကြက်ဥနံ့က ပျောင်သွားလားဟင်” တဲ့..။ မှတ်ကရော..။
အဲ့ဒီအချိန်က စပြီး ကျွန်တော် လဲ ပရိုဂရမ်မာ ဘယ်လောက်ဦးနောက်ကောင်းတယ်..။
ဘာညာ ကြွားတဲ့ အကျင့်တစ်ခါ ထဲပျောက်သွားတာပဲ..။
အင်း ပြောလို့ပြောတာမဟုတ်ဘူး ပရိုဂရမ်မာများ အိုအန်အီး တောင် ဘာလဲပြန်မေးချင်မေးနေတာ..။
မပြောချင်တော့ပါဘူး..။ နောက်ကြုံမှပဲ..။ မယ်တင့်အကြောင်း ပြောရင် ကုန်မယ်မထင်ဘူး..။ ကဲ သွားပြီဗျို့..။
မယ်တင့် ကို ခဏလို့ ပြောပြီးထွက်လာတာ..။ တော်ကြာ ဒေါပွနေလိမ့်မယ်..။
Monday, September 26, 2011
နိုးတစ်ဝက်အိပ်မက်
ကျွန်တော်မနေ့ညက အိပ်မပျော်ပါ။
ကြွေပြီးသား ကြယ်စင်တစ်ချို့ တောက်ပစွာ ကခုန်နေတာကို နိုးရက်နဲ့ အိပ်မက်မက်ခဲ့ပါတယ်။
ထူးဆန်းလွန်းတဲ့ ရင်ခုန်သံတစ်ချို့ကို ကျွန်တော် ဘာသာပြန်ဖို့ မကြိုးစားတော့ပါဘူး။
တစ်ခါတရံမှာ ရင်ခုန်သံဟာ သူ့ချည်းသက်သက်ကိုပဲ လှပပြီးသား ဖြစ်နေတတ်ပါတယ်။
ကျွန်တော်မနေ့ညက အိပ်မပျော်ပါ။
ကြွေကျလာတဲ့ ကြယ်စင်တစ်ပွင့်ကို ကောင်းကင်မှာ နေရာပြန်ချဖို့ မဖြစ်နိုင်ပေမယ့်
အလှပဆုံးတောက်ပခဲ့ဖူးတာကိုတော့ ကောင်းကင် မှာ ထာဝရ မှတ်တမ်းတင်ထားခဲ့ပါရဲ့။
ပျောက်ဆုံးပြီးဖြစ်တဲ့ အလင်းရောင်တစ်ချို့ကြောင့်
ဘာပဲပြောပြော
ကျွန်တော်မနေ့ညက အိပ်မပျော်ပါ။
သစ္စာ
အချစ်ဆိုတာ.. အကျင့်တဲ့လား မိန်းကလေးရယ်..
ငါ့အတွက်တော့ အဲ့ဒီအကျင့်ဟာ .. ငါ့ရဲ့ အစိတ်အပိုင်းပါ..
အခုတော့ ငါပေးနိုင်မျှ အားလုံးအပြင်..
ငါ့အစိတ်အပိုင်းတစ်ခုကိုပါ ယူဆောင်သွားလိုက်ပါတော့ ချစ်သူ..
အဲ့ဒီအစိတ်အပိုင်းလေးဟာ ငါ့အတွက် ထပ်မလိုအပ်တော့ပါဘူး..
ရင်ခုန်ခြင်းမှာ အပြစ်ရှိတယ်ရယ်လို့ ..
ငါ.. တစ်ခါလေးတောင် မစဉ်းစားခဲ့ဖူးပါဘူး..
အခုတော့ အားလုံးဟာ ငါ့အပြစ်တွေပဲလားမသိတော့ဘူး … ချစ်သူရယ်.
မင်းပေးတဲ့ အပြစ်ဒဏ်တွေ ခံယူရင်းနဲ့..
နောက်ပြန်လှည့်ရတဲ့ ခြေလှမ်းတွေမှာ..
ရင်ခွင်ဟာ တဆတ်ဆတ်နာကျင်စွာ အော်ငြီးရှာတယ်…
ဘယ်သူမှ မကြားနိုင်တဲ့ အသံနဲ့ပေါ့…
အို.. မဟာလောက.. ငါ၏ အချစ် စစ်ရိုးအမှန်ဖြစ်လျှင်..
နှလုံးသွေးနှင့် ကြိတ်ငိုရသောဘ၀မှ တစ်ခဏဖြစ်ဖြစ်လွတ်ကင်းရပါလို၏…
အင်း… တစ်ခဏဖြစ်ဖြစ်ပေါ့လေ..
မှောင်နေဆဲ
ငါမမြင်နိုင်တဲ့ ကောင်းကင်ရဲ့ တစ်ဖက်မှာ
ငါရှာနေတဲ့ကြယ်စင်လေးရှိသတဲ့..
မမြင်နိုင်တဲ့ အကာအရံ နဲ့
မရောက်နိုင်တဲ့ အကွာအဝေး ရဲ့
ဟိုတစ်ဖက်က အဖိုးတန် အရာတစ်ခုဟာ
တန်ဖိုးရှိရဲ့လား
အခွံသက်သက် သေတ္တာတစ်လုံးထက်
အဖိုးတန်ရတနာ ထည့်ထားတဲ့သေတ္တာ
ဖွင့်ခွင့်မရှိလဲ
တန်ဖိုးရှိနေသတဲ့လား
ဘာပဲဖြစ်ဖြစ်ပါလေ..
ဒီအချိန်မှာတော့ .. ငါ..
မမြင်နိုင်တဲ့ အလင်းနဲ့လဲ လင်းတတ်ခဲ့ပါပြီ..
မရနိုင်တဲ့ အနွေးနဲ့လဲ ထွေးတတ်ခဲ့ပါပြီ..
ကြယ်စင်ရယ်…
Saturday, April 30, 2011
ကျည်တစ်တောင့်၏ အိပ်မက် (၉)
ထိုင်ထိုင်ချင်း Snake က ..
"ကဲပြော .. မင်းတို့ အကြောင်းတွေ.. ဘာလို့ ဒီလိုလူကို တိုက်ခိုက်ချင်ရတာလဲ.. ဘယ်လောက်အထိမျှော်လင့်ထားတာလဲ.. "
ဇွဲနှင့် စနေတို့ Snake ကို အကြောင်းစုံ ပြောပြလိုက်ကြသည်..။ Sanke က ခေါင်းငြိမ့်ကာ ငြိမ့်ကာဖြင့် ..
"ဒီလောက်ဆို လုံလောက်ပါပြီလေ.." ဟုပြောပြီး တစ်စုံတစ်ရာကို စဉ်းစားနေဟန်ဖြင့် မျက်မှောင်ကုတ်ရင်း ငြိမ်နေသည်..။ စနေတို့လဲ အလိုက်တသိငြိမ်ပြီး Snake ကို ကြည့်နေကြသည်..။ Snake က မေးရိုးတစ်ဖက်တစ်ချက်တွင် အမာရွတ်ကြီးများရှိသည်မှအပ လူချောတစ်ဦးဖြစ်သည်..။ ဖျောင့်စင်းသောနှာတံ၏အောက်တွင် တစ်စုံတစ်ခုတွက် အမြဲ မဲ့ပြုံးပြုံးနေသော နုတ်ခမ်းတစ်စုံရှိသည်..။ ဟောင်ကောင်သားပီပီ အသားအရေ မှာဖြူဖွေးနေပြီး မျက်လုံးအစုံမှာမူ မြွေတစ်ကောင်၏ မျက်လုံးများကဲသို့ စူးရှတောက်ပြောင်နေသည်..။ Snake ကို ကြည့်နေရာမှ အလွန်နားပါးသော စနေ၏နားအတွင်းသို့ အသံသေးသေးလေးတစ်ခု ၀င်လာသည်..။ မိန်းကလေးတစ်ယောက် ၏အသံ..။
"ချမ်းပြောတဲ့ အတိုင်းဆို အာသာရဲ့ အဖွဲ့အစည်းတွေထဲ ထိုးဖောက်ဝင်တာ အကောင်းဆုံးပဲပေါ့.."
စနေမျက်လုံးပြူးသွားသည်..။ Snake လဲကြားပုံရသည်..။ သူ့နုတ်ခမ်းပေါ်ကို လက်ညှိုးတစ်ချောင်တင်၍ တိတ်တိတ်နေရန် အချက်ပြသည်..။ စနေ နှင့် Snake တို့ နှစ်ယောက် စက္ကူနံရံနားသို့ ကပ်ပြီးနားထောင်လိုက်ကြသည်..။ ထိုအချိန်ကျမှ ဇွဲက အသံဗြဲကြီးနှင့်..
"ဘာလဲဟ.. ငါ့လဲပြောပါဦင်္း.."
စနေနှင့် Snake ဇွဲ၏ပါးစပ်ကို အမြန်လှမ်းပိတ်ပြီး Snake က အမူအရာနှင့် ပြောပြရသည်..။ စနေက အသံကိုနှိမ့်ပြီး...
"တိုးတိုးလုပ်ပါဟ.. ပိန်းပါ့.."
ဇွဲက အခုမှသဘောပေါက်သွားဟန်ဖြင့် ပြုံးပြီး...
"မင်းတို့ကမှ ပိန်းတာ.."
ပြောပြောဆိုဆိုပင် သူ့အိတ်ထဲမှ ပိုးကောင်အမဲလေးတစ်ကောင် ထုတ်လိုက်သည်..။ အမှန်တော့ ပိုးကောင်လေးတစ်ကောင်ကဲ့သို့ ကပ်စရာ ကုပ်စရာ ခြေထောက်လေးများပါသော Receiver Bug လေးတစ်ခုဖြစ်သည်..။ ဇွဲက စက္ကူနံရံပေါ်သို့ Bug လေးကို ကပ်ပြီး စနေနှင့်Snake တို့ကို နားကျပ်တစ်ခုစီပေးလိုက်ပြီး သူကိုယ်တိုင်လည်း နားကျပ်တစ်ခုကို နားထဲသို့ တပ်လိုက်သည်..။ တစ်ဖက်ခန်းမှ စကားသံများအား သူတို့နားတွင်ကပ်ပြောနေသည့် အလား ကြားလိုက်ရသည်..။
"အင်း.. ထိုးဖောက်ဝင်ဖို့ဆိုတဲ့ နေရာမှာ အခက်အခဲရှိတယ် ဆူး.. ငါတို့လုပ်ငန်းကလူတွေ အားလုံးကို သူတို့ သိထားမှာသေခြာတယ်.. အပြင်ကလူတွေကိုတော့ လုံးဝသုံးလို့မဖြစ်ဘူး.. ငါတို့အပေါ်သစ္စာရှိမယ့်လူ ဘယ်လိုရှာမလဲ.."
"မက်လောက်အောင် ပေးရင်ကော.."
"အာသာဆိုတဲ လူကြီးက ငါတို့ထက်ပိုမပေးနိုင်ဘူးလို့ထင်လို့လား.. နောက်ပြီး ငွေကြောင့် အလုပ်လုပ်တဲ့လူက ငွေနောက်ပဲလိုက်မှာပဲ..ဆူး.."
"အင်း.. အဲ့ဒါမှခက်တာပဲ..ချမ်းရယ်.."
"မခက်ပါဘူးဗျာ.. လွယ်မှလွယ်လွယ်လေးပါ.."
စနေ့နားထဲသို့ Snake ၏အသံကြီး အလုံးလိုက်ဝင်လာသည်..။ ဘေးကိုလှည့်ကြည့်လိုက်တော့ Snake နေရာတွင် ထိုင်ဖုံလေးတစ်ခုပဲ ပြားပြားလေးကျန်ခဲ့သည်..။ ဘယ်အချိန်က ထသွားမှန်းပင် သူတို့မသိလိုက်ကြ..။ ဇွဲက စနေ့ ကို...
"စနေရေ.. တို့လူကတော့ လူမိုက်ပီသ သွားပြီဟေ့..."
"ဒီထက်ပိုမမိုက်ခင် တားမှရမယ်.."
နှစ်ယောက်သားထကာ တစ်ဖက်ခန်းသို့ ပြေးကြသည်..။ ခြေသံတွေ ကျယ်လွန်းလှသဖြင့် စားပွဲထိုးများပင် လှည့်ကြည့်ကြသည်..။ ထို့ကြောင့် စားပွဲထိုးခေါင်းဆောင် ဖြစ်ဟန်တူသော မိန်ကလေးက အားလုံးအလုပ်ပြန်လုပ်ကြရန်ပြောလိုက်သည်..။ ကျေးဇူးတင်ကြောင်း အမူအရာလေးပြ၍ တစ်ဖက်ခန်းသို့လှမ်းဝင်သွားကြသဖြင့် စားပွဲထိုးမိန်ကလေး ဖုန်းရှိရာသွားပြီး တစ်နေရာသို့ ဆက်သည်ကို စနေရော ဇွဲပါ မသိလိုက်နိုင်တော့ပေ..။
"ကျွန်မတို့ဆီကို Snake ရောက်နေပါပြီရှင်.."
-------------------------------------------------------------------------------
အခန်းအတွင်းတွင်မူ....။
"ရှင်...ရှင်တို့တွေ ဘယ်သူတွေလဲ.."
Snake က
"မိတ်ဆွေတွေပါ.. An enemy of the enemy is a friend.. တဲ့.. ခင်ဗျားတို့ ခုဏကပြောနေတဲ့ ကွပ်လပ်ကို ကျွန်တော်တို့ ဖြည့်ပေးနိုင်ပါတယ်.."
"ဘာခင်ဗျားတို့ ချောင်းနားထောင်တယ်..ဟုတ်လား.. ဘယ်လိုလူတွေလဲဗျ.. "
ချမ်းက ဒေါသတကြီးအော်သည်..။ ဇွဲ က Snake ကိုဆွဲကာ
"လာပါဗျာ.. သူတို့က စိတ်ချရတဲ့လူတွေမှန်းမသိ..ဘာမသိနဲ့..."
Snake က ချမ်းကို ဂရုပင်မစိုက်...။ ဇွဲဘက်လှည့်ကာ..
"စိတ်ချရပါတယ်ကွ.. အာသာကြောင့် ကော့နေအောင်ခံလိုက်ရတဲ့ Fox ကုမ္ပဏီက အာသာ့ကို မကျေနပ်ဘူးဆိုတာထက် ပိုသေခြာတာတော့မရှိဘူး..."
"ရှင်..ရှင်.. ကျွန်မတို့ အကြောင်းတွေကို ဘယ်လိုသိလဲ.."
ဆူးအသံက tone တမျိုးပြောင်းသွားသည်..။ ခုဏကလို ရန်လိုခြင်းမရှိတော့..။
"သိတာပေါ့ဗျာ... ဒီကိစ္စက လျှို့ဝှက်ကိစ္စမှမဟုတ်ပဲ..နောက်ပြီး.. ခင်ဗျားတို့လဲ.. ကျုပ်ကြောင်းကိုသိပါတယ်.."
ဆူးကော ချမ်းဆီကပါ တညီတညာထဲ ထွက်လာသည်က..
"မသိပါဘူး.."
Snakeက တစ်ချက်ပြုံးပြီး...
"အဟင်းဟင်း.. ခင်ဗျားတို့ ကုမ္ပဏီပိုင် သတင်းစာ သတင်းတစ်ပုဒ်ထဲက အာသာတို့ လူတွေ ၀ိုင်းအနိုင်ကျင့်ခံလိုက်ရတဲ့.. သေလုမျောပါး လူတစ်ယောက်ရယ်.. ခင်ဗျားတို့ပိုင် ဆေးရုံမှာ သွားတွေအခွေလိုက်စိုက်ပြီး မေးရိုးခွဲစိတ်မှုခံခဲ့ ရတဲ့ လူနာတစ်ယောကိရယ်ကို ခင်ဗျားတို့ မသိဘူးဆိုတာ မဖြစ်နိုင်ပါဘူးဗျာ.. အဲ့ဒီ သတင်းနဲ့ အဲ့ဒီလိုခွဲစိတ်မှုတွေကနေ.. ခင်ဗျားတို့ အမြတ်တွေအများကြီး ရလိုက်တာပဲ..."
"သြ.. အဲ့ဒါရှင်ကို.."
"ကဲ..ဒီလောက်ဆိုလုံလောက်ပြီလား.."
ချမ်းနှင့် ဆူး တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီ.. ခေါင်းငြိမ့်ပြလိုက်သည်..။ Snake ကဆက်၍...
"ကောင်းပြီ.. ဒါဆိုဆက်ပြောမယ်.. ဒီနှစ်ယောက်ကခင်ဗျားတို့ထက်ဆိုးတယ် .. "
သူ စနေတို့ အကြောင်းတွေကို အတိုချုံးပြီးပြောပြလိုက်သည်..။ ပြီးမှ..
"သူတို့က ဟောင်ကောင်ကလဲ မဟုတ်တဲ့ အတွက်.. ခင်ဗျားတို့ အကြံ အစည်နဲ့ လဲလိုက်တယ်.. ကဲ စဉ်းစား..."
ဆူး စဉ်းစားချိန်မရလိုက်ပါ..။ ဒိုင်းခနဲ သေနတ်သံ တစ်ချက်နဲ့ အတူ..
"Snake.. ထွက်ခဲ့ စမ်း မင်းဒီမှာဆိုတာ ငါတို့သိတယ်.. တစ်ကနေ တစ်ဆယ်အထိရေမယ်.. ထွက်မလာရင်တော့ ငါတို့ အဆိုးမဆိုနဲ့.."
Snake ၏လက်ထဲသို့ Sub-Machine တစ်လက်ဘယ်ကရောက်လာမှန်း မသိရောက်လာသည်...။ စနေ Snakeကိုကြည့်ပြီး အခြေအနေကို သဘောပေါက်လိုက်သည်..။ ဒါတိုက်ပွဲခေါ်သံ..။ သူု၏ ဘရတ်တာ 9mm ပစ္စတိုလေးကိုထုပ်ပြီး ကျည်စစ်လိုက်သည်..။လက်တစ်ဖက်က ခါးပတ်အောက်တွက် မြှုတ်ပြီးတပ်ဆင်ထားသော ဇွဲ ၏အခေါ် "စူပါခဲဘူးလေး" ကို ခလုပ်ဖွင့်လိုက်သည်..။ ထို့နောက် Snakeနှင့် စနေတို့ အခန်းအတွင်းရှိ တစ်မျိုးတည်းသော အကာအကွယ်ဖြစ်သော ထောင့်တိုင်လုံးများဆီသို့ တစ်ဖက်တစ်ချက် ပြေးကပ်လိုက်ကြသည်..။ စနေ ဇွဲတို့ကို စိတ်ပူစွာ လှည့် ကြည့်လိုက်တော့ ဇွဲက အလယ်ရှိ ကျောက်စားပွဲလေးထောင့်ကလေးကို ထောင်ပြီး ဆူးနှင့် ချမ်းကို ဆွဲသွင်းထားပြီးဖြစ်သည်..။ ဇွဲက အကွယ်မှခေါင်းထွက်ပြီး..
"စနေ.. Snake.. ငါ့ဆီကအချက်ပေးသံကိုစောင့်နော်.."
အပြင်မှရေတွက်သံက ဆက်တိုက်ပေါ်ထွက်နေသည်..။
"ကိုး.. ရှစ်.. ခွန်.. ထွက်မလာရင်ငါ့အဆိုးမဆိုနဲ့ နော်.. Snake.."
ဇွဲ အိတ်ထဲမှ ဘောလုံးလေးတစ်လုံးနှင့် remote control လေးတစ်ခုထုတ်လိုက်သည်..။ အတွင်းတွင် electro-magnetic ၀ိတ်တုံးများပါရှိသည့် အလိုရှိရာသို့ လှိမ်းသွားနိုင်သော ဘောလုံးလေး..။ အလယ်ဗဟိုတွင်တော့ ဘောလုံး၏လှုပ်ရှားမှုအတိုင်း မလိုက်ဘဲ လွတ်လပ်စွာ လှည့်လည်ကြည့်နိုင်သော ကင်မရာလေးတစ်လုံးပါသည်..။ ဇွဲ ဘောလုံးလေးကို ကြမ်းပေါ်သို့ချပြီး screen လေးတစ်ခုပါဝင်သော.. control မှတစ်ဆင့် တံခါးဝသို့ လှိမ့်သွားလိုက်သည်..။ စနေက အချိန်ကိုက်ပင် အောက်ဆုံး စက္ကူတစ်ကွက်ကို ခြေထောက်ဖြင့် ဖောက်ပေးလိုက်သည်..။ ဇွဲက ကျင်လည်စွာပင် ထိုအပေါက်မှ ဘောလုံးလေးကိုမောင်းထွက်လိုက်သည်..။ ကင်မရာလေးကို လှည့်ကြည့်လိုက်သည်..။ ထို့နောက် နံပါတ်စဉ်ရေနေသော လူထွားကြီး၏ ဖိနပ်ဦး ကင်မရာထဲ ပေါ်လာသည်အထိလှိမ့်သွားလိုက်သည်..။ ရေတွက်သံက ဆက်လက်ထွက်ပေါ်နေသည်..။
"ခြောက်... ငါး.. လေး.."
အသံ ရုတ်တရက် ရပ်သွားသည်..။ အလုံးလေးကို နားမလည်စွာကြည့်ရင်း ကောက်ကိုင်ကြည့်လိုက်သည်..။ ဘေးမှ နှစ်ယောက်ကလဲ ကပ်လာပြီးကြည့်ကြသည်..။ သူတို့တစ်ခုတည်းသော မြင်တွေ့လိုက်ရသည်မှာ ကင်မရာလေးသူတို့ဘက်လှည့်လာ ခြင်းပင်ဖြစ်သည်..။ ဇွဲနုတ်ခမ်းမှ အသံတိုးတိုးလေးတစ်သံထွက်လာသည်..။
"Good... bye!"
Remote ပေါ်ရှိ အနီရောင်ခလုပ်လေးကိုနှိပ်လိုက်သည်..။ ခလုပ်ပေါ်တွင် ဇွဲ၏လက်ရေးသော့သော့ ဖြင့်ရေးထားသော စာသားမှာ.. "self destruct"...။
'၀ုန်း' ခနဲပေါက်ကွဲံသံနှင့် အတူ.. ဘောလုံးလေးကို ငုံ့ကြည့်နေသူ သုံးယောက် မစခင်မှာပင် အဆုံးသတ်သွားကြသည်..။
"ဒက်ဒက်ဒက်.."
ကျည်ဆံတွေ အခန်းအတွင်းသို့ တရစပ်ဝင်လာကြသည်..။ Snake က ထိုင်ချလိုက်ပြီး တိုင်အကွယ်မှ လက်တစ်ဖက်ထွက်ကာ ကြမ်းပြင်ကို ကပ်ပြီး မောင်းကိုညှစ်လိုက်သည်..။ အတောင့် ၃၀ ပါသော ကျည်ကပ်အကုန်..။ ခြေထောက်တွေချည်း ဖြတ်အပစ်ခံရသဖြင့် တ၀ုန်းဝုန်း လဲကျသံနှင့်အတူ ညည်းတွားသံများ အစီစီ ထွက်ပေါ်လာသည်..။ စနေ ထို ညည်းတွားသံများ ပေါ်ရာနေရာသို့ တစ်ချက်ချင်း မှန်းပစ်သည်..။ မောင်းတစ်ချက်ဆွဲ အသံတစ်သံ တိတ်သွားသည်..။ အခြေအနေ မဟန်ပုံရသော အပြင်မှ သကောင့်သားများက...
"ဟေ့ကောင်တွေ.. အကူတွေအမြန်ခေါ်.. အမြန်ခေါ်.."
ဒီအတိုင်းဆိုလျှင် စနေတို့တာရှည် တောင့်ခဲနိုင်မည့်ပုံမပေါ်..။ Snake က ဇွဲကိုလှမ်းပြီး..
"ဇွဲ.. မင်းသူတို့နှစ်ယောက် ကိုခေါ်ပြီး.. အခန်းအနောက်ဖက်နံရံကိုဖေါက်ပြေးတော့..အပြင်မှာ ၀ါးတောတစ်ခုရှိတယ်.."
ဇွဲ ဇဝေဇ၀ါဖြစ်သွားသည်...။ ဟောင်ကောင်မြို့ထဲနှင့် ၀ါးတောနှင့် လားလားမှမဆိုင်..။ သို့သော်ပြောမနေတော့...။ မောင်းချဓါးဖြင့် အနောက်ဖက်နံရံ ကို ထိုးခွဲလိုက်သည်..။ မောင်းချဓါးကတော့ စက္ကူနံရံကို ခွဲရတာ ပျင်းတောင်ပျင်းနေမလား မသိ..။ ဇွဲ ဆူးနှင့်ချမ်းကို ဆွဲ၍ အပြင်ဘက်သို့ခုန်ထွက်လိုက်သည်..။ အပြင်ဘက်တွင် အမှန်တကယ်ပင် ၀ါးတောတစ်ခုရှိနေသည်..။ သို့သော် artificial ၀ါးတော..။ လူလုပ်ထားသော အလှဝါးတော့ပင်ဖြစ်သည်..။ ဘာပဲပြောပြော ကျည်ကွယ်မဖြစ်ဦးတော့ မျက်ကွယ်တော့ ဖြစ်သည်..။ Snake က ဇွဲတို့ထွက်သွားပြီးလျှင်ပြီးချင်း စနေ့ကိုလှည့် ၍ မျက်ရိပ်ပြသည်..။ စနေက..
"ခင်ဗျား အရင်လစ် Snake.. ကျွန်တော် ကာပစ်ပေးထားမယ်.."
"OK.. စနေ.. ကျွန်တော်အပြင်ရောက်တာနဲ့ ခင်ဗျားလဲ ဆုတ်ခဲ့တော့နော်.."
စနေခေါင်းငြိမ့်ပြပြီး အပြင်ဘက်သို့ နှစ်ချက်လောက်လှမ်းပစ်လိုက်သည်..။ အပြင်မှလဲပြိုသံတစ်ခုနှင့်အတူ Snake ကျောက်စားပွဲအကွယ်သို့ ခုန်ကူးသွားသည်..။ Snake အပြင်ရောက်သွားတာသေခြာမှ စနေ အပစ်ရပ်လိုက်သည်..။ တိုင်ကို ကျောကပ်ပြီး.. ကျောက်စားပွဲ အနောက်ကို ခုန်ကူးဖို့ အားယူလိုက်သည်..။ ထိုအချိန် အပြင်ဘက်မှ မမျှော်လင့် ထားသော ဧည့်သည်တစ်ယောက်ဝင်လာသည်..။ မဲနက်ပြောင်လက်နေသော လက်ပစ်ဗုံးတစ်လုံး ..။ စနေစဉ်းစားချိန် မရှိတော့..။ စားပွဲ နောက်သို့ ဒိုင်ဗင်ထိုးဝင်လိုက်သည်..။
"အုန်း"ခနဲ အသံနှင့် အတူ ကျောက်စားပွဲကြီး စနေ့ အပေါ်ပိကျလာသည်.. ။ ထို့နောက်တွင်တော့ စနေ၏ တလောကလုံး အမှောင်ကျသွားသည်..။ အပြင်ဘက်မှ.. ညာသံပေးပြီးဝင်လာကြသော ခြေသံများသာနောက်ဆုံးကြားလိုက်ရသည်..။
--------------------------------------------------------------------
စနေပြန်သတိရတော့ သူ့တကိုယ်လုံး စိုစွတ်ကိုက်ခဲနေသည်..။ သူဘယ်ကိုရောက်နေသည်ကို စဉ်းစားကြည့်သည်..။ သု...
Monday, February 28, 2011
မမေ့နိုင်သော ထမင်းဝိုင်း
နှင်းတွေကျနေဆဲ ဖြစ်သည်။..
မနက်ခင်း ၈ နာရီထိုးနေပြီ ဖြစ်သော်လည်း နှင်းကမကွဲချင်သေး။.. အိုက်ဆောင် အဖို့ ဒီနေ့ အလုပ်စလုပ်ရမည်မို့ စိတ်လှုပ်ရှားနေသည်။.. အလုပ်က တစ်ခြားတော့မဟုတ်။.. ရေခဲချောင်းသွားရောင်းကြဖို့ ဖြစ်သည်။.. အိုက်ဆောင် တို့ အဖေမှာ ချို့တဲ့သော ၀န်ထမ်းဆိုသော်လည်း အိုက်ဆောင် လို ၄တန်း ကလေးတစ်ယောက် ရေခဲချောင်းထွက်ရောင်းရလောက်အောင် မချို့တဲ့လှ။.. ဒါပေမယ့် အစ်ကိုတွေ အလုပ်ထွက်လုပ်နေတော့ သူလဲ လုပ်ကြည့်ချင်သည်။.. သူငယ်ချင်းတွေ ရေခဲချောင်းရောင်းထွက်ရာ နေရာများသို့ လိုက်ရင်း သူပါရောင်းချင်လာသည်။.. သူတို့ ပိုက်ဆံလေးနဲ့သူတို့ အရုပ်တွေ မုန့်တွေ ၀ယ်ကြသည်။ ဒန့်လော့ ဆိုလျှင် အင်္ကျီတောင် သူဘာသာသူ ၀ယ်နိုင်သည်။.. ဒန်းလော့တို့ အဖေဆိုလျှင် မြို့နယ်ဆောက်လုပ်ရေးမှ အင်ဂျင်နီယာတစ်ဦးဖြစ်သည်။.. ဝေဖြိုးတို့ ရာဇာတို့ အဖေများမှာလည်း သူတို့မြို့လေးတွေ အရာရှိတန်းမှ ၀န်ထမ်းများဖြစ်သည်။.. သူတို့မြို့လေးတွင် ထူးလည်းထူးခြား သဘောကျစရာကောင်းသောကိစ္စ တစ်ခုရှိသည်။.. အလုပ်လုပ်သောသူဆိုလျှင် မည်သည့်အလုပ်ပင်ဖြစ်စေ သဘောကျအားပေးကြခြင်းဖြစ်သည်။.. လိုင်းကားများမှ အစ ရေခဲပုံး ပါသောကလေးဆိုလျှင် ကားခတောင်းလေ့မရှိ။.. ထိုနည်းဖြင့် အိုက်ဆောင် ရေခဲပုံးအလွတ်လေး လွယ်၍ သူငယ်ချင်းတွေနဲ့ လိုက်ဖြစ်နေခြင်းဖြစ်သည်။..
သူတိုမြို့လေး၏ သဘောထားဟု ဆိုသော်လည်း တကယ်တန်း တိတိကျကျ ပြောရလျှင် မြို့လေး၏ သူတို့ဘက်အခြမ်းက လူများ၏ သဘောထားဖြစ်သည်။.. သူတို့မြို့ကို တောင်ကျချောင်းရေတို့ကြောင့် အမြဲတစေ နီကျင်နေသော မြစ်တစ်စင်းက အလည်မှ ပိုင်းထားသည်။.. သူတို့ဘက်ခြမ်းမှာ ၀န်ထမ်းအများစုနေထိုင်ကြပြီး မြစ်၏တစ်ဖက်ခြမ်းတွင်မူ ဒေသခံလူမျိုးများနေကြသည်။.. အိုက်ဆောင် တို့ဘက်တွင် ရေခဲချောင်း တစ်ချောင်း ငါးမူးနှင့်ယူသွားပြီး မြစ်၏တစ်ဖက်ကို ရောက်လျှင် နှစ်ကျပ်ရသည်။.. သူတို့မြို့မှ ၁၄ မိုင်ခန့်အကွာရှိ ရွာကြီးသို့ သွားရောင်းလျှင် ငါးကျပ်ရသည်ဟု ကြားဖူးသည်။.. ဒီတစ်ခါတော့ အိုက်ဆောင် လည်းပါလာသည့် အထိမ်းအမှတ်ဖြင့် ထိုရွာကို သွားရောင်းကြဖို့ တိုင်ပင်ထားကြသည်။.. ထို့ကြောင့် ဆောင်းတွင်းမနက် နှင်းမှုန်တွေကြားထဲမှာပင် အိုက်ဆောင် တို့ အဖွဲ့ ရေခဲချောင်း ထုတ်ရောင်းသော အဖွားစိန်အိမ်သို့ရောက်နေကြခြင်းဖြစ်သည်။.. အဖွားစိန်ကပင် အလန့်တကြား ပြောယူရသည်။..
“ဟဲ့.. ကလေးတွေ ဘယ်အချိန်ရှိသေးတုန်း.. နင်တို့တွေ ဒီအချိန်ကြီး ရေခဲချောင်းရောင်းတော့ ဘယ်သူစားမတုန်းဟဲ့.. ဒီနေ့အဖို့နှင်းကတော်တော်နဲ့ ကွဲဦးမယ့်ပုံမပေါ်ဘူး..”
“အဖွားကလည်း.. သားတို့က ဒီနေ့ မန်ပန် အထိသွားရောင်းမှာ အဖွားရဲ့.. ”
ဝေဖြိုးက ဒါလေးတောင်မသိရကောင်းလားဆိုသော လေသံကတစ်ဝက် အမြတ်တွေ အများကြီးရတော့မှာမို့ ကြွားနေသည့်လေသံကတစ်ဝက်ဖြင့် ပြောသည်။.. ဒန်းလော့ကတော့ မျက်လုံးမှိတ်သွားအောင်ကို ပြုံးဖြီး၍ သဘောကျနေလေသည်။.. သူဒီတစ်ခေါက်တော့ အင်္ကျီတစ်ထည်လောက် ရပြီဆိုသည့် အတွေးနှင့်ဖြစ်သည်။.. အဖွားစိန်ကတော့ ဘာမှ မပြောတော့ပဲ ခေါင်းတခါခါ လည်တခါခါ ဖြင့်သာ ရေခဲချောင်းများ တစ်ယောက်ပြီးတစ်ယောက် ထည့်ပေးနေတော့သည်။..
"ကဲ.. နောက်တစ်ပုံးယူခဲ့.."
အဖွားစိန်တစ်ပုံးထည့်ပေးပြီးသွားသဖြင့် နောက်တစ်ပုံးလှမ်းတောင်းလိုက်သည်။.. အိုက်ဆောင် ရေခံပုံးလေးကိုင်ပြီး ရှေ့တိုးသွားသည်။.. အဖွားစိန်က မျက်ခုံးကို တွန့်၍ အားစိုက်ကြည့်လိုက်ရင်း..
"ဟဲ့.. ဒါလေးက.. ဗိုလ်လုံ့ သားအငယ်ဆုံးလေးမလား.. အဖေတို့ အဆင်ပြေကြရဲ့လားငါ့မြေး.."
အဖွားစိန် က အဖေတို့နှင့်သိသည်ဆိုလျှင်။.. အိုက်ဆောင် စိတ်ပူသွားသည်။.. တကယ်တော့ သူဒီနေ့ ရေခဲချောင်း လိုက်ရောင်းမည်ကို အဖေတို့မသိ။.. ငယ်စဉ်ကတည်းက ချူချူခြာခြာ နိုင်လှသော အိုက်ဆောင် ကို တစ်အိမ်လုံးက ပိုးမွေးသလို မွေးထားကြသည်။.. ရေခဲချောင်းလိုက်ရောင်းမည် မှန်းသာသိလျှင် အမေရိုက်တာခံရတော့မည်။.. အဖွားစိန်ကို တစ်ချက်ကြည့်ပြီး..
"အ..အစဉ်ပြေပါတယ် အဖွား.. "
"သြ.. မသိပါဘူကွယ် အိုက်ဆောင် လေးတောင် ရေခဲချောင်းထွက်ရောင်းခွင့်ပြုတယ်ဆိုတော့ အဆင်မှပြေရဲ့လားလို့..."
"အခုဟာက သားကို ရောင်းချင်လို့ပါ အဖွားရဲ့ အဖေတို့ က အဆင်ပြေပါတယ်.."
"အေးအေး.. တော်ပါ့ကွယ်. တော်ပါ့... နေဦး အဖွားငါ့မြေးတို့အတွက် မုန့်ပေးလိုက်ဦးမယ်.."
အခုမှပင် အိုက်ဆောင် စိတ်အေးသွားတော့သည်။.. ဒီအတိုင်းဆို အဖွားစိန် အိမ်ကိုတိုင်မည့်ပုံမပေါ်ပေ။.. ရေခဲချောင်းပုံတွေ ဖြည့်ပြီး အိုက်ဆောင် တို့ အဖွားစိန်အိမ်က ထွက်လာသောအချိန်တွင် အိုက်ဆောင် တို့လက်ထဲတွင် အဖွားစိန် ဘုရားစင်မှ ချပေးလိုက်သော ကိတ်မုန့်ဘူး အကြီးကြီးတစ်ဘူးပါလာသည်။.. ဒန်းလော့က
"အဖွားစိန်က ငါတို့ ရေခဲချောင်းယူနေတာကြာပြီ.. အခုကျမှ မုန့်ပေးတာ"
"အိုက်ဆောင် ပါလို့နေမှာပေါ့.. ဒီကောင့်ပုံက မုန့်မှ မစားရရင် လဲကျတော့မယ့်ပုံမို့ပေးလိုက်တာ.."
ဝေဖြိုးကပါ မကျေမနပ်ပြောသည်။.. ရာဇာကတော့ ရေခဲပုံးကိုခေါက်ရင် အိုက်ဆောင် လက်ထဲက မုန့်ဘူးကိုသာငေးနေသည်။.. အိုက်ဆောင် လဲ
"မင်းတို့ကလဲ ငါ့တစ်ယောက်ထဲအတွက်မဟုတ်ပါဘူး.. ငါတို့အတူတူစားကြမယ်လေ.."
ထိုစကားကြားမှ ကျန်ကလေးများ၏ မျက်လုံးများ အရောင်လဲ့လာကြသည်။..
"အေးပြီးတာပဲ အဲ့ဒါဆို.."
အိုက်ဆောင် တို့ မန်ပန်ရောက်တော့ ၁၀ နာရီကျော်နေပြီ။.. သို့သော်နှင်းမကွဲချင်သေး။.. အေးလွန်း၍ ဘယ်သူမှ လည်၍မရောင်းချင်ကြသဖြင့် ဈေးနားမှာပင် စုပြုံထိုင်နေကြသည်။.. ဒီအတိုင်းဆို သူတို့ရောင်းရဖို့ လမ်းပင်မမြင်။.. အခုမှ တစ်ယောက်ကိုလေးငါးချောင်း ရောင်းရသေးသည်။.. ရာဇာဆိုလျှင် ငိုက်နေ၍ တစ်ချောင်းမှ မရောင်းရသေး။.. သူဟာသူတော့တစ်ချောင်းယူစားပြီးပြီ။.. ခဏအကြာတွင် ဈေးရှေ့ လမ်းကြားထဲမှ တိုင်းရင်းသား ကလေးလေးတစ်ယောက်ထွက်လာသည်။.. ငါးနှစ်ခန့်သာရှိဦးမည်။.. ဗမာစကားလဲ ပြောတတ်မည့်ပုံမပေါ်ပေ။ သူတို့လေးယောက်ကို တစ်လှည့်စီကြည့်သည်။.. သူဘယ်သူ့ထံမှ ၀ယ်ရမည်ကို ဝေခွဲမရဖြစ်နေပုံရသည်။.. အိုက်ဆောင် တို့တွေလဲ မျှော်လင့်ချက်ကြီးစွာဖြင့် စောင့်နေကြသည်။.. ပြီးမှ ကလေးက သူနှင့်အနီးဆုံး ဒန်းလော့ ထံမှ ရေခဲချောင်း နှစ်ချောင်းယူသည်။.. သူ့လက်ထဲပါလာသော ပိုက်ဆံကို ရေခဲပုံပေါ်ချပြီး တစ်ဖက်တစ်ချောင်းစီကိုင်ပြီ လှည့်ထွက်သွားသည်။.. ကြည့်လိုက်တော့ ၂၀၀ တန်ကြီး။.. သူတို့တောင် မကိုင်ဖူးပေ။.. ငါးနှစ်သားလေးကတော့ သူတို့ရှေ့ကို ဘတ်ကနဲ ချသွားသည် သူတို့လေးယောက်ကလေးကို အလန့်တကြားပြန်ခေါ်ကြပြီး ရှိသမျှ အကြွေးလေးတွေ အကုန်အမ်းပေး လိုက်ကြသည်။.. သိပ်မကြာလိုက်။.. ထိုလမ်းကြားလေးအတွင်းမှ ကလေးများ တစ်သုတ်ပြီး တစ်သုတ် ထွက်လာပြီး ၀ယ်လိုက်ကြသည်မှာ အိုက်ဆောင် တို့လက်ပင်မလည်။.. နေ့လည်တစ်နာရီကျော် တော့ သူတို့ပါသမျှ ရေခဲချောင်းများ အကုန် မန်ပန်မှ ကလေးများဗိုက်ထဲသို့ ရောက်သွားပြီဖြစ်သည်။..
“ငါတို့ နောက်တစ်ခေါက်ပြန်ယူရအောင်.. ”
ရာဇာ့အပြောကို အားလုံးသဘောကြ သွားကြသည်။..
“အေးငါတို့ ထမင်းစားပြီးရင် ပြန်ယူကြမယ်.. အိုက်ဆောင် ငါတို့ ထမင်းဘူးကို မင်းကို ခွဲကြွေးမယ်.. ပြီးရင် မင်းကိတ်မုန့်ကို အတူတူ စားကြမယ်..”
“အေး.. စားမယ်..”
ထမင်းစားပြီး သူတို့လေးယောက် လိုင်းကားနှင့်ပြန်၍ ရေခဲချောင်းယူကြသည်။.. အံ့သြနေသော အဖွားစိန်ကို ဘာမှ ရှင်းပြမနေတော့။.. ဒါကလေးတွေ ကိစ္စ။.. ရေခဲချောင်းယူပြီးပြီးချင်း ကားဂိတ်သို့ပြန်ပြေးကြသည်။.. ညနေခင်းမှာ မနက်ထက်ပင် ပို၍ရောင်းရသေးသည်။.. ကလေးများတင်မကပဲ လူကြီးများပါလာဝယ်စားကြသည်။.. သူတို့ ဗိုက်တွေ တဂြီဂြီ ဆာနေသည်ကို ရေခဲချောင်းများကုန်၍ ပြန်ခါနီးမှ သတိရကြသည်။.. ညနေစာ အတွက် ဘာမှ ထည့်မလာကြ။..
“အိမ်ပြန်ရောက်မှ စားကြတာပေါ့ကွာ..” ဝေဖြိုးက နှစ်သိမ့်သည်။..
“အေး ဒါဖြင့်ရင် မြန်မြန်ပြန်ရအောင် နောက်ကျရင် ငါ့အမေရိုက်လိမ့်မယ်” အိုက်ဆောင် စိတ်ပူတာက သက်သက်ဖြစ်သည်။.. သို့သော် လောလောဆယ် သူဗိုက်ဆာတာက စိတ်ပူတာထက်ပိုနေသည်။.. လေးယောက်ကားဂိတ်ကို အူယားဖားယား ပြေးကြသည်။.. သို့သော် နောက်ဆုံးကားမှ လွန်ခဲ့သော နာရီဝက်ခန့်ကပင် ထွက်သွားခဲ့လေပြီ။.. အိုက်ဆောင် စိတ်ပျက်လက်ပျက်နှင့်..
“ငါတော့ အသတ်ခံရတော့မှာပဲ..”
“ငါတို့လဲ အိမ်ပြန်မရောက်ရင်တော့ ရိုက်ခံရမှာပဲ.. အိုက်ဆောင် ရ”
“ဒန်းလော့ပြောတာဟုတ်တယ် ငါ့အမားတို့က လျှောက်သွားပြီး ပြန်လာတယ်ထင်တော့မှာပဲ..”
“ငါတို့ဘယ်လိုပြန်ကြမလဲ.. ” ရာဇာက စိတ်ပျက်လက်ပျက်မေးသည်။..
“လမ်းလျှောက်မယ်ကွာ.. ၁၄ မိုင်ပဲရှိတာပဲ..” ဒန်းလော့ကပြောသည်။.. အားလုံးဒန်းလော့ကို တအံ့တသြ ကြည့်ကြသည်။.. သို့သော် သူတို့အားလုံး ဒန်းလော့ပြောတာ လက်ခံမှဖြစ်မည်။.. မဟုတ်လျှင် ပြန်မရောက်နိုင်တော့။.. တဖြည်းဖြည်းနှင့် မှောင်လာပြီဖြစ်သည်။.. သူတို့တွေ ဗိုက်ဟောင်းလောင်းများဖြင့် အပြန်လမ်းကိုစလိုက်ကြသည်။.. နေရောင် လုံးလုံးပျောက်၍ ကြယ်လေးတွေ ဟိုတစ်လုံး ဒီတစ်လုံး မြင်ရချိန်အထိ သူတို့ လမ်းတစ်ဝက်လောက်သာ ကျိုးသေးသည်။.. ခြေထောက်တွေပင်မသယ်ချင်တော့။.. အေးလဲ အေး ဆာလဲဆာ နေကြပြီ။..
“ရေဆာလိုက်တာကွာ.. ” အိုက်ဆောင် ညည်းလိုက်သည်။.. ဝေဖြိုးက လဲ
“အေးကွာ ရေတောင်သောက်စရာမရှိဘူး.. နေဦး.. ရေခဲပုံးတွေထဲမှာ ပျော်နေတဲ့ရေတွေရှိမှာပေါ့..”
အားလုံး ၀မ်းသာအားရ ကိုယ့်ရေခဲပုံကိုယ်ဖွင့်ကြည့်ကြသည်။.. အိုက်ဆောင် က ရေခဲပုံးအဖုံးကိုပြန်ပိတ်ရင်..
“ငါ့ပုံထဲမှာတော့ မရှိတော့ဘူး.. မင်းဆီမှာကော ဒန်းလော့..”
“ငါ့ပုံးထံမှာလဲ စိုစိုလေးပဲရှိတော့တယ်…” ကျန်နှစ်ယောက်ဆီ မျော်လင့်တကြီး လှမ်းကြည့်လိုက်သည်။.. ခေါင်းလေးများသာ ပြန်၍ ရမ်းပြနိုင်ကြသည်။.. အိုက်ဆောင် စိတ်ပျက်စွာ ပြန်ထိုင်လိုက်သည်။..
“လမ်းမှာ ရွာတွေ့ရင်ကောင်းမှာပဲကွာ..”
“ဟာ .. အိုက်ဆောင် .. ဟိုမှာ မီးမီး… မီးရောင်လို့ပြောတာ..” ရာဇာ အလန့်တကြားထအော်သည်။.. တောင်ယာတဲလေး တစ်လုံး။… အိုက်ဆောင် တို့ ယာခင်းကိုဖြစ်၍ တဲလေးဆီပြေးကြသည်။.. တဲအနီးရောက်တော့ အတွင်းမှ တစ်ခုခု လှမ်းအော်သံကြားရသည်။.. ဘာပြောလိုက်မှန်း သူတို့လဲ နားမလည်ကြ။.. ခဏကြာမှ တဲအတွင်းမှ ပအို့ဝ် ရိုးရာဝတ်စုံ ၀တ်ထားသော အဖိုးအို တစ်ဦးထွက်လာသည်။.. ဝေဖြိုးက
“အဘ.. ရေလေးနဲနဲ လောက်သောက်ချင်လို့ပါ..” နားလည်ပုံမပေါ်။.. ဒုက္ခရောက်ပြီ။.. ရာဇာက.. အဖိုးအိုနားသို့ ကပ်သွား ပြီး လက်ခုတ်ကလေးနှင့်ရေသောက်သည့်ပုံ လုပ်ပြသည်။.. အဖိုးအိုနားလည်သွား သည့်ဟန်နှင့် အတွင်းသို့ လက်ယက်၍ ခေါ်လိုက်သည်။.. လေးယောက်သာ တစ်ယောက်လက် တစ်ယောက်ကုတ်ရင်း ၀မ်းသာအားရ လိုက်သွားကြသည်။..
“ဒီလို အ’ အ စကားကျတော့ ရာဇာကြီးက အားကိုရတယ်ဟ.. ထင်ရဘူး..” ဒန်းလော့က လှမ်းနောက်သည်။.. ရာဇာက လက်သီးကို နောက်ပြန် ပြပြီး တဲအတွင်းသို့ ဦးဆောင်၍ ၀င်သွားသည်။.. တဲအတွင်း မီးဖို အရှိန်ဖြင့် နွေးနေသည်။.. မီးဖိုဘေးတွင်မူ ထမင်းအိုး ကို စောင်း၍ ငှဲ့နေသော ပအို့ဝ် အဖွားအို တစ်ဦးရှိသည်။.. ထမင်းအိုးကို မီးဖိုပေါ်ပြန်တင်၍ သူတို့ကို နွေးနွေးထွေးထွေး ပြုံးပြသည်။.. အဖိုးအိုက ဘူးသီးခြောက်ရေဘူးလေးယူလာပြီး ၀ါးဆစ်ခွက်လေးများ အတွင်းသို့ ငှဲ့ပေးသည်။.. ဘူးသီးခြောက်ကော ၀ါးဆစ်ခွက်လေးများပါ မီးဖိုတွင် ကျပ်တင်ထားသောကြောင့် မီးခိုးနဲ့လေးမွှေးနေသည်။.. အိုက်ဆောင် တို့ လေးယောက် ရေသာသောက်နေကြသည်။.. မျက်လုံးက ထမင်းအိုးက မခွာနိုင်ကြ။.. ရေခွက်လေးများပြန်ချပြီ လေးယောက်သား အဖိုးအို အဖွားအိုတို့ကို နုတ်ဆက်လိုက်ကြသည်။.. အဖွားအိုက လက်ကာပြပြီး.. အဖိုးအိုနှင့် စကား ပြောနေကြသည်။.. နောက်မှ သိရသည်မှာ သူတို့ တွေကို ထမင်းကျွေးဖို့ တိုင်ပင်နေကြခြင်းဖြစ်သည်။
နောက်ငါးမိနစ် အကြာတွင် အိုက်ဆောင် တို့ တသိုက် မီးဖိုဘေး မြေကြီးပေါ်တွင် ချထားသော ထမင်းစားပွဲကို ၀ိုင်း၍ ခေါင်းမဖော်တမ်း စားနေကြပြီဖြစ်သည်..။ အိုက်ဆောင် တို့ တစ်သက် ဒီထမင်းဟင်းလောက် ကောင်းသော ထမင်းဟင်းမျိုးမစားခဲ့ဖူး ဟုပင်ခံစားရသည်..။ ထမင်းဝိုင်းမှာ အထူးအထွေဘာမှ မပါပေ..။ ကျက်ခါစ တောင်ယာထမင်း ပူပူ ရယ်..။ လောလောလတ်လေး ကြော်လိုက်သော ငရုပ်သီးအနီတောင့် ရဲရဲ တောက် ကြွတ်ကြွတ်ကြီးတွေ နှင့် ဆားတစ်ခွက်သာ..။
အိုက်ဆောင် တို့ စားပြီးခါမှ ပင် ပအိုဝ့် အဖိုးအို အဖွားအိုတို့ကို သတိရကြသည်..။ အဖိုးအို အဖွားအိုတို့မှာ မီးဖိုဘေးတွင် ရေနွေးကြမ်းတစ်ယောက် တစ်ခွက်စီကိုင်ကာ သူတို့ကို ပြုံး၍ ကြည့်နေကြသည်..။ အိုက်ဆောင် တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်..။ အဖိုးအို အဖွားအိုတို့ကို တင်ရှိသော သူတို့ ကျေးဇူးကို ဘယ်လိုဖေါ်ပြရမှန်း မသိကြ..။ နောက်ဆုံး အားလုံးတစ်ညီတစ်ညာထဲ အိတ်ထဲမှ ရေခဲချောင်းရောင်းရလာသော အကြွေအားလုံး ကိုယ်စီကိုယ်စီ ထုတ်၍ အဖိုးအို အဖွားအိုတို့ ကို ကန်တော့ဖို့လုပ်ကြသည်..။ အဖိုးအို တို့မှာ သူတို့ ကလေးတွေကို သဘောကျ၍ တပြုံးပြုံး ခေါင်းကလေးတွေ သပ်ကာ သူတို့ ဘာသာစကားဖြင့် ဆုပေးနေကြဟန်တူသည်..။ သူတို့ ကန်တော့ သော အကြွေလေးတွေကိုလဲ လက်မခံပဲ သူတို့ လွယ်အိတ်များအတွင်းသို့ ပြန်ထည့်ပေးကြသည်..။ ထို့နောက် သူတို့ လက်ကိုဆွဲ၍ ခြံဝအထိလိုက်ပို့ပေးကြသည်..။ အိုက်ဆောင် တို့တသက်ဒီထမင်းဝိုင်းကို ဘယ်တော့မှ မေ့တော့မည်မဟုတ်မှန်း ကိုယ်စီကိုယ်စီ ခံစားလိုက်ကြရသည်..။ ခေါင်းပေါ်မှ ထွက်ပေါ်လာသော လမင်းကြီးနှင့် အပြိုင် အဖိုးအို အဖွားအိုတို့ မျက်နှာတို့ ၀င်းပနေကြသည်..။ ထို့နောက်တွက်ကား အိုက်ဆောင် တို့ကလေးလေးယောက် မန်ပန် ကားလမ်းအတိုင်း သီချင်းတကျော်ကျော် အော်ဆိုပြီး ပြန်ခဲ့ကြလေတော့သည်..။
အိုက်ဆောင် အဲ့ဒီထမင်းဝိုင်းကို မမေ့ခဲ့ပါဘူး
ပြန်မတွေ့တော့ပေမယ့် ဒန်းလော့ တို့ ရာဇာတို့ ဝေဖြိုးတို့လဲ မေ့နိုင်ကြမည်မဟုတ်မှန် အိုက်ဆောင် သေခြာခံစားသိနိုင်ပါသည်..။
Saturday, February 19, 2011
ကြယ်ကြွေချိန် သို့ သက်ပြင်းချတောင်းဆု
ငါ..
မင်းအတွက် အရာရာ ဖြစ်ပါရစေ..
လင်းလိုက်မှောင်လိုက် မီးအိမ်တစ်ခုနဲ့ ငါ့ဘ၀လမ်း
ငါစမ်းပြီပဲဖြစ်ဖြစ် လျှောက်ပါရစေ..
တစ်ခါတစ်ရံ ရတတ်တဲ့
မျှော်လင့်ချက်ရောင်ခြည် တစ်ပွင့်လောက်လေးနဲ့
ငါ နွေးထွေးပါရစေ..
ကြယ်စင်ရေ..
မဖြစ်နိုင်မှန်းသိရက်နဲ့
မင်းရဲ့ အလင်းတွေ အကုန်လုံး
ငါပိုင်ဆိုင်ခွင့်ရဖို့
တောင်းဆိုပါရစေ..
ဖြစ်နိုင်ရင်
မင်းအတွက် အရာရာ ဖြစ်ပါရစေ..
Thursday, February 17, 2011
ကျည်တစ်တောင့်၏ အိပ်မက် (၈)
စနေ မျက်လုံးအ၀ိုင်းသားနှင့် မြငိမြင်ရာလိုက်ကြည့်နေသည်..။ ဟောင်ကောင်ဆိုတာ ဒါလား...။ တစ်ခါမှ မရောက်ဖူးသောစနေအဖို့ အရာရာသည် အသစ်အဆန်းချည်းသာ..။
"ဇွဲ..မိုက်တယ်နော်.. ဟောင်ကောင်က"
"အေး မင်းတို့တောသားတွေအတွက်တော့ ဟုတ်တာပေါ့ကွာ.. ငါတို့အတွက်ကတော့ရိုးနေပါပြီ.."
"ဘာ.. မင်းကရောက်ဖူးလို့လား.."
"သုံးနှစ်သားတုန်းက ရောက်တယ်လို့ အမေကပြောဖူးတာပဲ.. ဟီး.."
"နွား.." စနေ အားရပါးရဆဲလိုက်သည်...။
သူတို့သင်္ဘော Victoria ဆိပ်ကမ်းကိုကပ်တော့ ညပိုင်းရောက်နေပြီ..။ စနေတို့စိတိထဲ မှာတော့ ကမ္ဘာအရှေ့ဘက်သို့ ခရီးထွက်လာကြသူများပီပီ အစောကြီးရှိနေသလို ဖြစ်နေသည်..။ တကယ်တော့ ဟောင်ကောင်တွင် ကိုးနာရီကျော်ပြီ..။ သို့သော်ဟောင်ကောင်၏ညက ညနှင့်ပင်မတူချေ..။ တွေ့မြင်ရသော လူများက အိမ်များတွင်လူပင်ရှိပါဦးမလား ထင်စရာပင်..။
"ကောင်လေးတွေ.." ဂျွန်က စနေနှင့်ဇွဲကို နောက်မှလှမ်း၍ ခေါ်လိုက်သည်..။
"အန်ကယ်ဂျွန်.." တကယ်တမ်းခွဲရတော့မည်ဆိုတော့ စနေရောဇွဲပါစိတ်မကောင်းကြပေ..။ ခြောက်လကျေိာကျော် ကမ်းမမြင်လမ်းမမြင် ပင်လယ်ပြင်ကြီးတွင် အတူနေခဲ့ရသော လူလေးလက်တစ်ဆုပ်စာကို သံယောဇဉ်ဖြစ်မိသည်..။ သို့သော် တွေ့ဆုံလာပြီးလျှင် ခွဲကြရမည်မှာ ဓမ္မတာပင်..။
"ရော့.. မင်းတို့အတွက်.."ဟုဆိုကာ ဂျွန်က ဇွဲတို့နှစ်ယောက်ကို အထုပ်လေးတစ်ထုပ်စီပေးသည်..။
"စနေ.. ငါမင်းကိုပေးတဲ့ဘူးထဲမှာ.. ငါအကြိုက်ဆုံးဓါးမြောင်တစ်လက်ရယ်.. ဟောင်ကောင်မှာဆက်သွယ်ရမယ့် လူတစ်ယောက်ရဲ့ လိပ်စာရယ်.. မင်းအိတ်ကပ်ထဲ အမြဲထည့်ထားတဲ့ ကျည်တစ်တောင့်အတွက်.. သင့်တော်မယ့် သေနတ်လေးတစ်လက်ရယ်.. 9mm Beretta ဆိုရင်သဘောကျမလား.."
"ဟာ.. ကျတာပေါ့ အန်ကယ်ရယ်.."
အန်ကယ်ဂျွန်ကဆက်ပြီး..။
"ဇွဲ.. မင်းကိုတော့ ဟိုကောင့်လို အမျိုးမျိုးမပေးတော့ဘူး တစ်မျိုးပဲ.."
"ဟာ.. အန်ကယ်ကလဲ.. ကျွန်တော့ကျတော့.."
"ဟ.. မင်းကမင်းလိုအပ်တာမှန်သမျှ ကိုယ်တိုင်ထွင်ပြီးတော့ လုပ်လို့ရတယ်.. မင်းအဓိကလိုအပ်တာ အဲ့ဒါတွေထွင်ဖို့ ငွေပဲမလား.. အများကြီးတော့ မဟုတ်ဘူးပေါ့ကွာ.. ငါစုထားတဲ့ငွေ.. ၁၀၀၀၀ လောက်ဆိုရင် မင်းအတွက်အထောက်အကူဖြစ်မှာပါ.."
ဇွဲစိတ်မကောင်းဖြစ်သွားသည်..။ အန်ကယ်ဂျွန် သူတို့ကိုဒီလောက် ဂရုစိုက်မည်မထင်ခဲ့..။
"အန်ကယ်.. ကျွန်တော်အာသာကြီးကို ဆုံးမပြီးရင်.. အန်ကယ်နဲ့ သင်္ဘောပေါ်ပြန်လိုက်မယ်ဗျာ.."
"ဟားဟားဟား.. ဘာမင်းက.. ငါးမကြိုက်တဲ့ကောင်က သင်္ဘောသားလုပ်မယ်ဟုတ်လား.."
"အစားအသောက်က အရေးမကြီးပါဘူးဗျာ.. ကျွန်တော့်မှာ မိသားစုဆိုလို့ စနေ့ အန်ကယ်ပဲရှိတာ"
"အေးအေး.. လာခဲ့ လာခဲ့ ..ဒါပေမဲ့ ဟောင်ကောင်သူလေးတွေတော့ခေါ်မလာနဲ့နော်.. ဟားဟားဟား.."
တဖြည်းဖြည်းဝေးပြီးကျန်ခဲ့သော အန်ကယ်ဂျွန်၏ ရယ်သံများက အသက်မပါမှန်း သူတို့နှစ်ယောက်စလုံး သိပါသည်..။ အန်ကယ်ဂျွန် တကယ်ပျော်လျှင်ရယ်သော အသံကို သူတို့ခြောက်လလုံးလုံး ကြားဖူးခဲ့ကြပြီးပြီ မဟုတ်ပါလား..။
----------------------------xxxxxxxxxxxxxxxxxxxxxxxx-----------------------------
ဆူးထိုင်ဖုံပေါ်သို့ ဒူးလေးတုတ်ပြီးထိုင်လိုက်သည်..။ ရှေ့က ဆူရှီးပန်းကန်ထဲသို့ အဓိပ္ပါယ်မဲ့ စိုက်ကြည့်နေမိသည်..။ မျက်နှာချင်းဆိုင်မှ ချမ်းက..
" ဟိတ်.. စားလေ.. ဘာလုပ်နေတာလဲ.."
" ဟင်... အင်း.. "
ဆူးစိတ်မပါတပါ ပြန်ပြောသည်..။ '၀င်ခွင့်ပြုပါရှင်' ဟု အဓိပ္ပါယ်ရသော ဂျပန်စကားသံနှင့်အတူ စက္ကူတံခါးကို ဆွဲဖွင့်လိုက်သော ဂျပန်ဝတ်စုံနှင့် ဟောင်ကောင်သူလေးတစ်ယောက် ဆာတေးအိုးလေးကိုင်ပြီး ၀င်လာသည်..။ ခွက်သေးသေးလေးနှစ်ခွက်ကို ချမ်းရှေ့တစ်ခွက် ဆူးရှေ့တစ်ခွက် ချပေးပြီး ငှဲ့ပေးမည်အပြု ချမ်းက လက်ကာပြပြီး ပြန်လွှတ်လိုက်သည်..။ သူစကားကို နှစ်ယောက်ထဲပြောချင်သည်..။ ဤဆိုင်သို့ ရွေးလာခြင်းမှာလဲ စကားအေးအေးဆေးဆေး ပြောလို့ရခြင်းကြောင့်ဖြစ်သည်..။ ချောင်ကျသော ဤဆိုင်လေးသို့လာသူအများစုမှာ ဟောင်ကောင်ဖွား ဂျပန်များ၊ ကမ္ဘာလှည့်ခရီးသည်များနှင့် တရုတ်အနည်းငယ်တို့ ဖြစ်သည်..။ ကမ္ဘာလှည့်ခရီးသည်များ အဖို့ သူတို့ပြောသည့် စကားကို ကြားသွားလဲ ကိစ္စမရှိ..။ ဟောင်ကောင်ဖွား ဂျပန်များ နှင့် တရုတ်အနည်းငယ်တို့ကလဲ သူတို့ပြောသောအင်္ဂလိပ်စကားကို ရေရေလည်လည် နားမလည်နိုင်ကြပေ..။ ဟောင်ကောင်မှာ ၁၉၉၇ မတိုင်မှီက အင်္ဂလန်နိုင်ငံ၏ လက်အောက်ခံ ကိုလိုနီတစ်ခုဖြစ်ပြီ ရုံးသုံးစာကို အင်္ဂလိပ်စာဟု သတ်မှတ်ခဲ့သော်လည်း အရပ်သုံးစကားမှာမူ တရုတ်စကားနှင့် မလေးစကားတို့သာ အဓိကဖြစ်သည်..။ ချမ်းနှင့်ဆူးတို့ အခုအချိန်အထိ စကားမစဖြစ်သေး..။
"ချမ်း.. ငါ့ကိုပြောမယ်ဆိုတာ ဘာလဲ.."
ဆူးကစိတ်မရှည်သလို မေးသည်..။ ချမ်းကမျက်မှောင်တစ်ချက် ကုတ်ပြီ စားပွဲကို ငုံကြည့်လျှက်
"ငါတို့ အာသာကိုတိုက်ခိုက် ဖို့ Plan ဆွဲမှရတော့မယ်ဆူး"
ဆူးကစိတ်ဝင်တစားနှငိ့
"နင့်မှာ အကြံရှိလို့လား ချမ်း.."
"အေး..ဒါပေမဲ့ နင်နဲ့ တိုင်ပင်ဦးမှာပါ.."
"ပြောကြည့်လေ.."
----------------------------xxxxxxxxxxxxxxxxxxxxxxxx-----------------------------
"ငါတို့ ဘာစလုပ်မလဲစနေ.. " ဇွဲကမေးသည်..။
"ငါကတော့ အန်ကယ်ဂျွန်ပေးတဲ့လိပ်စာကို အရင်သွားချင်တယ်.. ငါတို့ရဲ့ တစ်မျှင်ထဲသော ကြိုးစက အဲ့ဒါပဲ.."
ဇွဲက စနေ့ထဲမှ လိပ်စာရေးထားသော စာရွက်လေးကိုလှမ်းယူပြီး..
"Aberdeen ဆိပ်ကမ်း လှေအိမ်ပေါ်က Snake ဆိုပဲ.. လိပ်စာကတိကျလှချည်လား.. အန်ကယ်ဂျွန်က နောက်တာတော့ မဖြစ်နိုင်ပါဘူး..နော်"
"ဒီလိုပဲမေးသွားရမှာပေါ့ လှေအိမ်နံပါတ်တို့ နာမည်တို့မပါဘူးလား.."
"EZ.393 တဲ့..ဘာလဲတော့မသိဘူး.."
"အဲ့ဒီနဲပါတ်ကိုတွေ့ရင်.. ပြီးပြီပေါ့ဇွဲရ.."
"ဟ.. ငတုံးရ အဲ့ဒီလောက်မလွယ်လို့ပြောနေတာပေါ့.."
"ဘာလို့"
စနေကနားမလည်စွာပြန်မေးသည်..။
"Aberdeen က တံငါသည်တွေနေတဲ့နေရာ လှေပေါ်မှာနေကြတဲ့ အိမ်တွေချည်းပဲကို ထောင်နဲ့ ချီတယ်. ဒါတောင် ရေပေါ်စားသောက်ဆိုင်တွေ မပါသေးဘူး"
"လာပါကွာ.. မရှာလို့မှမရပဲ.."
စနေတို့နှစ်ယောက်နေစရာ စားစရာ မရှာသေးပဲ Aberdeen ဆိပ်ကမ်းသို့ပြေးကြသည်..။ တစ်လှေပြီးတစ်လှေ ကူးကာရှာကြသည်..။ လှေအဆင်း မြင်းအတက်ဆိုသည့်စကားတောင် စိတ်နာချင်သလိုရှိလာသည်..။ တွေ့မဲ့တွေ့တော့ နောက်ဆုံး အစွန်ဆုံးလှေ..။ သူ့ဟိုဘက်ဆက်သွားလျှင် ရေထဲပဲရှိတော့သည်..။ EZ.393..။ လှေဦးတွင် တုန်ချိချိဘိုးကြီးတစ်ဦး မီးဖိုလေးတစ်ဖိုနှင့် ငါးကင်နေသည်..။ ဇွဲကလှမ်း၍
"Snake နဲ့ တွေချင်လို့ပါ အန်းကုန်း(အဘိုး)"
"ဟင်းဟင်းဟင်း.."
အဘိုးကြီးက မျက်လုံးလှန်ကြည့်ပြီး.ရယ်သည်..။ သူမျက်လုံးတွေက အရွယ်နှင့်မလိုက်အောင် တောက်ပနေသည်ဟုထင်ရသည်..။ မီးဖိုကြောင့်ထင်ပါရဲ့..။
"အဘိုးဟုတ်လား.. ဟင်းဟင်းဟင်း"
"ခင်ဗျာ..."
စနေတို့နှစ်ယောက်စလုံးကြောင်သွားသည်..။ ဒီအဘိုးကြီးသူ့ကို အဘိုးလို့ခေါ်တာကြိုက်ပုံမရ..။ ဇွဲက စကားကိုပြင်၍
"ကျွန်တော် အန်ကယ်လို့ခေါ်တာပါ.. တရုတ်စကားမတတ်လို့ပါ .. စိတ်မရှိပါနဲ့ခင်ဗျာ.."
အဘိုးကြီးကတစ်ချက်ပြုံးပြီး အထဲဝင်သွားသည်..။ ဇွဲနှင့်စနေတို့ အပြင်မှာပဲ ယောင်လည်ယောင်လည်နှင့် ကျန်ခဲ့သည်..။ ခဏအကြာ တွင် လူငယ်တစ်ဦး လှေဝမ်းထဲမှ တက်လာသည်..။ စနေတို့ နှင့် မတိမ်းမယိမ်း ဖြစ်သည်..။ အလွန်ဆုံးကြီးလှ နှစ်နှစ် သုံးနှစ်ပေါ့..။ စုတ်ပြတ်နေသော လှေအိမ်အတွင်းမှ ထွက်လာသော်လည်း သူက Suit အပြည့်အစုံ ၀တ်ထားသည်..။ သူကပင်စ၍..
"အလုပ်ကိစ္စနဲ့ ထင်တယ်.. ငါက အလုပ်ကိစ္စဆို ဒီမှာမပြောဘူး..မင်းတို့မသိပုံထောက်ရင်.. ဟောင်ကောင်ကမဟုတ်ဘူးထင်တယ်.."
"ကျွန်တော်တို့ကို Blue Maria သင်္ဘောကပ္ပတိန် မစ္စတာဂျွန်နီင်္လွှတ်လိုက်တာပါ.."
"ဘာ ဂျွန် လွတ်လိုက်တာ..ဟုတ်လား... ပြပါဦး အထောက်အထား.."
စနေခေါင်းကြီးသွားသည်..။ အန်ကယ်ဂျွန် ကဘာမှ မမှာလိုက်ပေ..။ သူအသဲအသန်စဉ်းစားသည်..။ 'ဓါးမြောင်..ဟုတ်ပြီ..' စနေဓါးမြောင် ကို ထုတ်ပြလိုက်သည်..။ Snake က မြင်မြင်ချင်း..
"ဒါ ဂျွန့် ဓါးမြောင်ပဲ.. ကဲ ပြောကိစ္စ"
"အတိုခြုံးပြောရရင်.. ကျွန်တော်တို့ အာသာရွန်ဝယ်လီဆိုတဲ့လူကို ပြန်ပြီးပညာပေးချင်လို့ပဲ.."
"ဟိုးဟိုး..ဒီလောက်ဆိုရပြီး.. ငါလက်ခံတယ်.. တစ်ချက်က ဂျွန်လွှတ်လိုက်တဲ့ သူတွေမို့.. မဟုတ်ရင်မင်းတို့ငါနဲ့ ဈေးစကားပြောတာတင် မိုးလင်းသွားမယ်.. နောက်တစ်ချက်က အာသာ ဆိုရင်.. အလကားလုပ်ပေးမယ်.. ငါတစ်ယောက်ထဲဖြစ်နေတာနဲ့ အတော်ပဲ..ငါတို့ အေးအေးဆေးဆေး တစ်နေရာသွားပြီးစကားပြောတာပေါ့.. ငါလဲဘာမှမစားရသေးဘူး.. ဒီမှာကတစ်ယောက်ထဲနေတာဆိုတော့ ဖြစ်သလိုပဲဟေ့.."
"ဗျာ.."စနေ ထ၍
"ခုဏက အဘိုးကြီးတစ်ယောက်တွေ့ပါတယ်.."
ထိုအခါ. Snake က အဘိုးကြီးတစ်ယောက်အသံမျိုးဖြင့်...
"ငါ့ကို အဘိုးကြီးလို့ခေါ်တယ်..ဟုတ်လား... ဟင်းဟင်းဟင်း."
"သြ.. ခင်ဗျားက အဲ့ဒီ အဘိုးကြီးပဲကို.." ဇွဲက တအံ့တသြဆိုသည်..။
"ဟုတ်ပ့ါ.. ငါက လိမ်ရမယ်လှည့်ရမယ်.. ဆို အကုန်လုပ်တယ်..ကဲပါ...လာ.. လိုက်ခဲ့.."
Snake က ဇွဲနှင့် စနေကို ဆိုင်တစ်ဆိုင်သို့ခေါ်သွားသည်..။ ဂျပန်ဆိုင်လေး..။ သီးသန့်ခန်းလေးတွေကိုယ်စီနှင့် တိတ်ဆိပ်ငြိမ်သက်နေသည်..။ နောက်ကွယ်မှ ဂျပန်ရိုးရာ ဗျတ်စောင်းတေးတစ်ပုဒ်ကို တိုးတိုးလေးဖွင့်ထားသည်...။ Snake က သူထိုင်နေကျ အခန်းတစ်ခုဆီသို့ ဦးတည်သွားလိုက်သည်..။ ထိုအခန်း၏ ကပ်ရက်အခန်းတွင်တော့ ချမ်းနှင့်ဆူးတို့နှစ်ယောက် အာသာ့ကိစ္စကို အကြီးအကျယ် ဆွေးနွေးနေကြသည်..။ ထိုင်ထိုင်ချင်း .....