Thursday, February 17, 2011

ကျည်တစ်တောင့်၏ အိပ်မက် (၇)

"ဒါ..ဒါ"
"ဝေး"
ဒါ ပို့ထ်စအိ စ် မြို့ဖြစ်သည်..။ ဆူးအက်တူးမြောင်း၏ အ၀င်ဝဖြစ်သလို မက်ဒီတာရေးနီးယန်းပင်လယ်၏ ဆိပ်ကမ်းတစ်ခုလဲဖြစ်သည်..။ ဒီမြို့အား မန်ဇီလာ ရေကန်ကြီးနှင့် မက်ဒီတာရေးနီးယန်းပင်လယ် ကြားရှိ သဲမြေပေါ်တွင်တည်ထားခြင်းဖြစ်သည်..။ အီဂျစ်နိုင်ငံတောင်ဘက်ပိုင်း၏ ၀ါဂွမ်းနှင့်ဆန်တို့အဓိကတင်ပို့ရာ ဆိပ်ကမ်းကြီးတစ်ခုဖြစ်သည်..။ အပန်းဖြေစခန်းတစ်ခုလဲဖြစ်သော ပို့ထ်စအိ စ် မြို့သည် စနေတို့လို တူးမြောင်းဖြတ်ကြမည့် သင်္ဘောများအတွက်တော့ လောင်စာဖြည့်တင်းရာ နေရာတစ်ခုဖြစ်လာခဲ့သည်..။ ဆူးအက်တူးမြောင်းနှင့်အတူပေါက်ဖွားလာသော ပို့ထ်စအိ စ်မြို့၏ အလှသည် မနက်ခင်းနေရောင်အောက်တွင် လှပစွာတောက်ပနေသည်..။ ဒီဆိပ်ကမ်းမှာတော့ သူတို့သင်္ဘောအတွက် လောင်စာဖြည့်ဖို့ရိက္ခာဖြည့်ဖို့ ကလွဲပြီး တစ်ခြား လုပ်စရာမရှိ..။ ဘာပဲဖြစ်ဖြစ် သူတို့ကုန်းပေါ်တက်ဖို့ အချိန်ရှိသေးသည်..။ ဇွဲ ဆိုလျှင်ပျော်လွန်း၍ လူးလှိမ့်နေသည်..။ ၀မ်းသာမည်ဆိုလဲ ၀မ်းသာစရာပင်..။ သူလုံးဝ မကြိုက်သော ငါးတွေ ငါးခြောက်နှင့် ၆လလုံးလုံး နပန်းလုံးလာခဲ့ရပြီး အခုမှကုန်းပေါ်ပြန်တက်ရမည်ဖြစ်သည်..။ ဇွဲအဖြစ်ကို စနေကိုယ်ချင်းစာသည်..။ သို့သော် သူကိုစချင်၍...
"ဟေ့ကောင်. ဇွဲ ..မင်းအခုမှပျော်နေလဲ အလကားပဲ ..ငါးခြောက်တွေချည်းစားပြီး.. ငါးကျည်းခြောက်ရုပ် ပေါက်နေတဲ့ ကိစ္စကတော့ ပြင်မရတော့ဘူး သိလား..ဟားဟား.."
"စနေ..ငါမင်းတို့ သင်္ဘောပေါ်ရောက်မှဒီလိုဖြစ်တာကွသိလား.. ဆားငံရေတွေ..ဆားငွေ့ပါတဲ့လေတွေနဲ့ ချည်းတွေ့နေလို့ မဲသွားတာ"
"သြအေး.. အစက အညိုရင့်လေးပဲရှိတာ ..အခုမှမဲသွားတာ..ဟုတ်ပါတယ်..ဟုတ်ပါတယ်..ဟားဟား.."
ဇွဲက ပတ်ပြေးနေသော စနေ့ကိုလိုက်ထိုးသည်..။ အတော်ကြာမှ သတိရပြီး..
"ဟိုကောင်..စနေ..မြန်မြန်ရေသွားချိုး.. ငါတို့ကုန်းပေါ်တက်ရအောင်.."
"အေးအေး.. မင်းကတော့ မချိုးပါနဲ့တော့ ..မထူးတော့ဘူးလေ...ဟားဟား.."
ဇွဲစနေကိုတစ်ချက်လှမ်းဆဲလိုက်သည်..။ နောက် ၄၅ မိနစ် အကြာတွင်တော့ စနေတို့သင်္ဘောသီးနှစ်လုံး (အဲ.. ) သင်္ဘောသားနှစ်ယောက် ကိုလန်ဘတ်ကြီး အမေရိကတိုက်ကို တွေ့တုန်းကလို ခြေလှမ်းမျိုးဖြင့် ကုန်းပေါ်တက်လာကြသည်..။ ဟိုဟာ စားရမလို..ဒီဟာစားရမလိုဖြင့် လျှောက်ကြည့်ရင်း ဆိပ်ကမ်းဟိုဘက်ထိပ် ဒီဘက်ထိပ်လဲကုန်ပြီ..။
"မြန်မြန်ရွေးကွာ.. ဆိုင်တစ်ဆိုင်.. "
စနေစိတ်မရှည်သလိုပြောလာသည်..။ ထိုအခါမှ ဇွဲက
"ဒါဆိုလဲ.. ဟို Al Ahmar ဆိုတဲ့ဆိုင်ပဲသွားမယ်.. ရှေ့မှာလဲစားပွဲတွေရှိ..."
ဇွဲစကားက တစ်ပိုင်းတစ်စဖြင့်ရပ်သွားသည်..။ စနေ ဇွဲကြည့်ရာနေရာကို လိုက်ကြည်လိုက်တော့..။ ဆိုင်ရှေ့ သတင်းစာ ရောင်းသည့်စင်ပေါ်ရှိသတင်းစာတစ်စောင်၏ မျက်နှာဖုံးပေါ်တွင် မိန့်မိန့်ကြီးပြုံးနေသော.. အာသာ့မျက်နှာကြီး ကိုလှမ်းတွေ့ရသည်..။ စနေ ဇွဲကိုလက်လှမ်းတို့လိုက်သည်..။ မျက်လုံးကြီး ပြူးပြီးလက်ညှိုးထိုးနေသော ဇွဲထဲမှ အသံတစ်သံပဲထွက်လာသည်..။
"အင်း"
စနေ စင်ပေါ်မှ သတင်းစာတစ်စောင် ဖြတ်ခနဲဆွဲယူပြီး.. ဘေးရှိပုံးထဲသို့.. ပဲနိ စေ့ ၄၊ ၅စေ့ခန့် ကို မရေတွက်တော့ပဲပြစ်ထည့်လိုက်သည်..။ပြီးပြီးချင်း ဇွဲကိုဆွဲကာ.. သင်္ဘောစီသို့ ပြန်လှည့်လာကြသည်..။
"ငါတို့ အန်ကယ်ဂျွန် နဲ့ တွေ့မှဖြစ်မယ်.."
သူတို့ ဆာလောင်နေသည့် ကိစ္စကိုလဲ သတိမရတော့..။ လေးငါးလ မမြင်ခဲ့ရသော မိန်းမချောလေးများ၏ စိတ်ဝင်တစားအကြည့်များကိုလဲ.. သတိမထားမိတော့..။ သူတို့နှစ်ယောက်စောင့်နေခဲ့သော အချိန် ရောက်လာခဲ့ပြီဖြစ်သည်..။
"အန်ကယ်ဂျွန်..အန်ကယ်ဂျွန်.."
တကြော်ကြော်အော်ခေါ်ရင်း သင်္ဘောပေါ်သို့ပြေးတက်သွားကြသည်..။ ဆမ်က သင်္ဘောဦးတွင်ထိုင်နေရာမှ လှည့်ပြီး..
"ကောင်လေးတွေ.. မြန်လှချည်လား ပြန်လာတာ.. ဂျွန်..ဆိပ်ကမ်းတာဝန်ခံနဲ့ သွားတွေ့တယ်.."
စနေ နှင့်ဇွဲ ကုန်းဘတ်ပေါ်တွင်ထိုင်ချလိုက်သည်..။ အခုထိ သတင်းစာကိုကောင်းကောင်းမဖတ်ရသေး..။ သူတို့နှစ်ယောက်ခေါင်းချင်းဆိုင်ပြီး ထိုသတင်းအား ဖင်ပြန်ခေါင်းပြန် ဖတ်ကြတော့သည်..။
"ငါတို့ ဘ၀တွေသာ.. ကွပ်လပ်တွေ အပြည့်နဲ့ဖြစ်နေတာ ဒင်းကတော့ ပြည့်စုံလွန်းလို့.. ဟိုဘက်တောင်လွန်နေသေးတယ်..စနေရာ.."
ဇွဲအံကိုကြိတ်ရင်းပြောသည်..။ အေးအေးနေတတ်သော ဇွဲ၏ဒေါသကို စနေပထမဆုံးတွေ့ဖူးခြင်းဖြစ်သည်..။ သူတို့နှစ်ယောက် ထိုသတင်းစာထဲမှ ရသမျှအချက်အလက်တွေ ညှစ်ထုတ်ကြည့်ကြသည်..။ HongKong Future အာမခံကုမ္မဏီ၊ Green Wave ရေကြောင်းပို့ဆောင်ရေး ကုမ္မဏီ၊ Willing Pieces ဆေးဝါးကုမ္မဏီ..။ ဒါတွေအားလုံး နောက်ကွယ်မှာ အခြားအခြားသော လုပ်ငန်းတွေရှိဦးမည်ဆိုသည်ကို သူတို့နှစ်ဦးလုံး တွေးကြည့်လို့ရသည်..။ No.23S, ကိန်းလမ်း, ဟောင်ကောင်ကျွန်းဘက်တွင် အိမ်တစ်လုံး၊ No.3, ၀ါးတားလူးလမ်း, ကောင်းလွန်းဘက်တွင် အိမ်တစ်လုံး..။ ဒီနေရာတွေအပြင် လူမသိသူမသိ နေရာတွေရှိနေဦးမည်မှာလည်း ပြောဖို့ပင်မလိုချေ..။ သူတို့လုပ်စရာရှိတာအားလုံးကတော့ ဟောင်ကောင်မြေပေါ်သို့ အမြန်ဆုံးခြေချနိုင်ဖို့ပဲဖြစ်သည်..။ ထိုမြေပေါ်ရောက်မှ အခြေအနေပေါ်ကြည့်ပြီး အစီအစဉ်ဆွဲရမည်..။ အဓိက အခက်အခဲမှာ ဘတ်ဂျတ်ကိစ္စဖြစ်သည်..။ စနေက ငမွဲ..။ ဇွဲကလည်း.. ဟိုပစ္စည်းထွင်.. ဒီပစ္စည်းထွင်နှင့်.. တော်တော်ကုန်နေပြီ..။ ဒီလိုလူကြီးနှင့် တိုက်ခိုက်ဖို့ဆိုလျှင် ဒီလောက်နှင့်မရ..။ ဒီလူကြီး၏ ဓနအင်အား လူအင်အားတို့မှာ.. စနေတို့မှန်းဆနိုင်သည့် အတိုင်းအတာ၏ အပြင်ဘက်တွင်ရှိနေသည်..။ မတတ်နိုင်ပေ..။ ဒီလူကြီးကို ဆုံးမဖို့ အတွက် သူတို့ဟောင်ကောင်မှာ ရှိနေမှဖြစ်မည်..။ ရှိကိုရှိနေမှဖြစ်မည်..။
"တွေ့ကြပြီပေါ့.. အာသာရယ်..."

--------xxxxxxx---------xxxxxxxx--------xxxxxxxx-------

"တောက်"
ကွင်းစ်ဝေးလမ်း. Bank of China ၏ မျက်နှာချင်းဆိုင်တိုက် တစ်လုံးအတွင်းမှာ ဆူး တစ်ယောက် အပြင်းအထန်ပေါက်ကွဲနေသည်..။
"ရှင်တို့တွေကို အလုပ်ခန့်ထားတာ ဘာလုပ်ဖို့လဲ.. ဆိုင်ယမ်ပန်ကုမ္မဏီနဲ့ စာချုပ်ချုပ်ဖို့ ပျက်သွားတာ ကျွန်မတို့ ကုမ္မဏီအတွက် ဘယ်လောက်နစ်နာတယ်ဆိုတာ.. ရှင်တို့ သိကြရဲ့လား.."
Fox သင်္ဘောကုမ္မဏီ၏ ပြည်ပပို့ ကုန်ပစ္စည်းဌာန တာဝန်ခံ ဟတ်ဒလေ နှင့် ဆူး၏ အတွင်းရေးမှူးလည်းဖြစ် သူငယ်ချင်းလည်းဖြစ်သော ချမ်းတို့နှစ်ဦးစလုံး မျက်နှာမကောင်းကြ..။ ယခုကိစ္စကို သူတို့လည်း နားမလည်နိုင်ကြပေ..။
"ပြီးခဲ့တဲ့ တနင်္လာနေ့ကမှ ဆိုင်ယမ်ပန်ရဲ့ ဥက္ကဌနဲ့ ညစာစားရင်း.. ဆွေးနွေးခဲ့တုန်းက အားလုံးအဆင်ပြေ ပြီးသား.. စာချုပ်ချုပ်ဖို့ပဲကျန်တော့တယ်.. သူတို့ဘက်ကတောင် လိုလိုချငိချင် ကမ်းလှမ်းခဲ့တာ.. အခုစာချုပ်ချုပ်ဖို့ ကိစ္စတစ်ခုထဲကိုရှင် တို့ ဘယ်လိုလုပ်လာကြသလည်း.."
ဟာဒလေက
"ကျွန်တော်လဲ အဲ့ဒါကိုပဲ အံ့သြနေတာပါ.. သူတို့ကုမ္မဏီရဲ့ရှေ့နေနဲ့ ဆက်သွယ်ပြီး စကားပြောပြီးပါပြီ.. ဒါပေမယ့် ကျွန်တော်တို့ ရောက်မှ မချုပ်တော့ပါဘူး စိတ်မကောင်းပါဘူးဆိုတဲ့ အကြောင်းကို သိရတာပါ..ခင်ဗျာ.."
ဆူး မျက်နှာတစ်ခုလုံးနှီရဲလာအောင် ဒေါသထွက်လာပြီး..။
"ရှင်.. သိတာ..ဘ..."
ရုတ်တရက် ချမ်းက၀င်၍..
"ငါတစ်ခု သိထားတယ် ဆူး..ဆိုင်ယမ်ပန် နောက်ထပ်စာချုပ်ချုပ်လိုက်တဲ့ ကုမ္မဏီဟာ အာသာရွန်ဝယ်လီရဲ့ Green Wave ဆိုရင် ဆူး အံ့သြမလား.."
"ဘာ...ချမ်းဘာပြောလိုက်တယ်.."
"ဟုတ်တယ် ဆူး...ဆိုင်ယမ်ပန်ရဲ့ အတွင်းရေးမှူးပြောတဲ့စကားထဲမှာ.. သူတို့ Green Wave နဲ့ စကားပြောပြီးတဲ့နောက်တော့ ငါတို့ကုမ္မဏီနဲ့ စာချုပ်ဖို့မဖြစ်နိုင်တော့ဘူး ဆိုတဲ့ စကားပါလာတယ်... "
ဆူး အံကိုတင်းတင်းကြိတ်လိုက်ပြီး..တစ်လုံးချင်းပြောလိုက်သည်..။
"တွေ့ကြပြီပေါ့ .. အာသာရယ်.."

No comments:

Post a Comment